ဗမာနိုင်ငံတွင် ကြံ့ဖွင့်အစိုးရလို့ ခေါ်တဲ့ တရားမဝင်
အစိုးရမှ စစ်အာဏာရှင်စနစ် ရေရှည် တည်တန့့် ခိုင်မာရေးနဲ့  ပြည်ထောင်စုသားများ သွေးကွဲပြိုပျက်ရေးမူကို အခြေခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံဖြင့် တိုင်းပြည်အာဏာကို အလွဲသုံးစားလုပ်နေ
ခြင်းကို အမြန်ဆုံး တားဆီးရန်လိုနေပြီဖြစ်တယ် ။
ရှင်းလင်းသည့် အချက်များမှာ ကြံ့ဖွင့်အစိုးရ ဟုခေါ်သော တရားမဝင် အစိုးရဆိုသည်နှင့် ၄င်းတို့၏ လွတ်တော်ဆိုသည်ကို ဖျက်သိမ်းပစ်ပြီး လူထုအခြေပြု ကြားဖ်ြအစိုးရ တရပ်ကို အမြန်ုဆုံးဖွဲ့ စည်းရန်ပဲ ဖြစ်ပါတယ် ။
ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းရန် ဆိုသည့် အချက်ဟာအရွေ့ မရှိတဲ့ဟန်ပြသက်သက် နိုင်ငံရေးဖြစ်စဉ်များနဲ့
နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျမ်းမာရေး ၊ လူမူရေး စသည့် နယ်ပယ်အသီးသီးတွင်လည်း အလွန်ကြောက်မက်ဖွယ်
ကောင်းသည့်အဆင့်သို့ အလျှင်အမြန် စိုက်ဆင်းနေမူ များကြောင့်ဖြစ်တယ်။ သို့ အတွက် မဟာဗျူဟာမြောက် အပြောင်းအရွေ့တခုကိုဖန်တီးရန် တိုင်းပြည်၏ ဘက်ပေါင်းစုံ အခြေအနေများက တောင်းဆိုနေပြီ ဖြစ်သောကြောင့် ပဲဖြစ်ပါတယ် ။
ထိုအတွက် ပြည်သူလူထုတရပ်လုံးမှ ပူးပေါင်းပါဝင်သည့် နိုင်ငံရေးအုံကြွမူကြီးတရပ် ဖြစ်ပေါ်ရန်
လိုအပ်ပါတယ် ၊ အကျိုးဆက်အားဖြင့် ကြားဖြတ်အစိုးရ တရပ်ဖွဲ့ စည်းပြီး တိုင်းပြည်ရဲ့ အပြောင်းအလဲကို
ဖော်ဆောင်ရန်ဖြစ်တယ် ၊ အမှန်တကယ် လက်တွေ့ အကောင်အထည်ဖော်ရန် လိုအပ်နေသည့် အခြေခံအချက်များမှာ ပြည်သူလူထု၏ ဆင်းရဲမွဲတေမူနှင့်လုံခြုံမူကင်းမဲ့သည့် နိုင်ငံသားများဘဝမှ လွတ်မြောက်ရေး ၊ ပြည်တွင်းစစ်မီး တောက်လောင်မူကို တားဆီးပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရေး ဒီမိုကရေစီအခြေပြု နိုင်ငံရေးဝန်းကျင်တရပ် ဖော်ဆောင်နိုင်ရေး ၊ စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက်
နိုင်ရေး စသည့် အရေးကြီးအချက်အလက်များအပါအဝင် နိုင်ငံရေးပြဿနာ အရေးကိစ္စမှန်သမျှကို စားပွဲဝိုင်းဖြင့် ဖြေရှင်းနိုင်ရေးတို့ ပဲဖြစ်တယ် ။
ကြံ့ဖွင့် အစိုးရအနေဖြင့်လည်း တိုင်းပြည်တခုလုံး ရင်ဆိုင်ကြုံတွေ့ နေရသော အခြေအနေနှင့် အကျပ်အတည်း အားလုံးကိုအမှန်တကယ် အပြုသဘောဆောင်ပြီး အကောင်းဆုံး ဖြေရှင်းလိုတယ်ဆိုရင်တော့ ဟန်ပြ နိုင်ငံရေးလှည့်ကွက်များ ခင်းကျင်းဖော်ဆောင်နေခြင်းများကို ရပ်တန့် ပြီးနောက် ၄င်းတို့ ၏ အစိုးရအဖွဲ့ နှင့် လွတ်တော်ဆိုသည်အား ဖျက်သိမ်း ပစ်လိုက်ခြင်းသာ အမှန်ကန်ဆုံး လုပ်ရပ်ဖြစ်ပေလိမ့်မယ် ။ ဘာကြောင့်ဆို ၄င်းတို့ ကိုင်စွဲထားသည့် ဖွဲ့ စည်းအုပ်ချုပ်ပုံ ဥပဒေက တိုင်းပြည်တခုလုံးကို အမှောင်မိုက်ဆုံးသော အနေအထားသို့ ဆွဲချ သွားမည်ဖြစ်သောကြောင့်ပဲ ဖြစ်ပါတယ် ။
ကြားဖြတ်အစိုးရဖွဲ့ စည်းရေးဆိုသည့်အချက်ဟာ ၈၈ခုနှစ် ပြည်သူတရပ်လုံး၏ အုံကြွမူကြီး ဖြစ်ပေါ်စဉ်ကပင် ကျောင်းသားများမှ အဓိကထားကြိုးပမ်းခဲ့ကြသည့် နိုင်ငံရေးအဆင့်တခုဖြစ်တယ် ၊ သို့သော်
လည်း ထိုစဉ်ခါက ကျောင်းသားများ ချဉ်းကပ်ထိတွေ့ ခဲ့သော နိုင်ငံရေး ဦးဆောင်မူ အခြေအနေရှိနေသည့် သူများ၏ ( အချိန်အခါနှင့်တပြေးညီ ) စေ့စပ် ညှိနိုင်း မရခဲ့မူကြောင့် စစ်တပ်မှပြန်လည် အာဏာသိမ်းယူမူ ကိုခံခဲ့ကြရပြီး ၊ ပြည်သူလူထု၏ တက်ကြွစွာ ပူးပေါင်းပါဝင်မူနှင့် တိုက်ပွဲဝင်ခဲ့မူသည် ရေစုန်မျောခဲ့ရခြင်း
ဖြစ်တယ် ။
ထို့ ကြောင့်လူထုတိုက်ပွဲဆိုသည်ကို စဉ်းစားဖော်ဆောင်ကြသည်နှင့်တပြိုင်နက် တိုက်ပွဲ၏ အဆုံးသတ်ဖြစ်စဉ် ( သို့ တည်းမဟုတ် ) ပြည်သူလူထု၏ မျော်လင့်ချက်ကို တာဝန်ခံမည့် အလုပ်ကို မည်သူက ဦးဆောင်မည်နည်း ၊ မည်သူတွေက ပါဝင်မည်နည်းဆိုသည်မှာ ထည့်သွင်းတွက်ချက်ထားရမည် တနည်းအားဖြင့်ဆိုသော် တာဝန်ယူမည့်သူများ ( သို့ ) အဖွဲ့ အစည်းများ အရံသင့်ရှိနေပြီးသားဖြစ်နေရန်
လိုအပ်ပေသည် ၊ ထိုသို့ မဟုတ်ပါက ပြည်သူများ၏ စတေးခံမူသည် အောင်ပွဲသို့ ဦးမတည်ပဲ စစ်အာဏာရှင်များလက်သို့ ပြန်လည် ဝကွက်အပ်သလိုပင်ဖြစ်နေမည်မှာမလွဲပေ။
ယနေ့ အချိန်အခါဟာ တိုင်းပြည်အတွက်ကြားဖြတ်အစိုးရတရပ် ပေါ်ပေါက်ရေး ဆိုတာမှာ ပြည် တွင်းငြိမ်းချမ်းရေး ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရေး ၊ စစ်မှန်သည့် ပြည်ထောင်စုတခု ဖြစ်ပေါ်လာနိုင်ရေး နှင့် အဓိက အကျဆုံးဖြစ်သည့် ပြည်သူလူထု တရပ်လုံး၏ ဘဝများတည်ငြိမ်အေးချမ်းပြီး ၊ ဆင်းရဲမွဲတေမူ
နှင့်ဖိနှိပ်မူမျိုးစုံမှ လွတ်ကင်းရေးအတွက် မဖြစ်မနေ ဖော်ဆောင်ရမည့် မဟာဗျူဟာအဆင့် နိုင်ငံရေး တွက်ဆချက်တခုပဲဖြစ်တယ် ၊ အဘယ်ကြောင့်ဆိုသာ် ( အကြောင်းကြောင်းကြောင့် ) ရေစုန်မျောခဲ့ ပြီဖြစ်သည့် ၁၉၉ဝခု ရွေးကောက်ပွဲ ရလဒ်နှင့် အခြားဖက်တွင် စစ်အာဏာရှင်စနစ်ကိုအခြေခံသည့် ဖွဲ့ စည်းအုပ်ချုပ်ပုံနှင့်အတူ ပြည်သူကို ကိုယ်စားမပြုသည့် အစိုးရဆိုသည်မှ တိုင်းပြည်တခုလုံးအား ဒုက္ခမျိုးစုံ ပေးနေသည်မှာ အလွန်ဆိုးဝါးလှသည့်အနေအထားကိုရောက်ရှိနေပြီဖြစ်သောကြောင့်ပင်ဖြစ်ပေတယ် ။
သေချာသည့်အချက်များမှာ မည်သို့ ပင်ဆိုစေကာမူ လွတ်တော်တွင်းမှ နေပြီး တိုင်းပြည်ကို
ပြောင်းလဲရန်ကျိုးစားမည်ဆိုသည့်အချက်ဟာ တိုင်းပြည်နှင့်လူမျိုးကို ရောယောင် ဒုက္ခပေးနေသည့် အဖြစ်သို့ သက်ဆင်းလျက်ရှိနေပြီး ၊ အတိုက်အခံအင်အားစုများနှင့်တိုင်းရင်းသား အင်အားစုများဖက်မှ နိုင်ငံရေး ၊ စစ်ရေးတွင် ( စစ်ခေါင်းဆောင်များ နှင့် စစ်ဗိုလ်လူထွက်များ ) ကြောက်ရွံ့ လေးစားလောက်သည့် အနေအထားမရှိပါက မည်သည့် တွေ့ ဆုံဆွေးနွေးရေး ၊ မည်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုမှ မျော်လင့်ရန်မဖြစ်နိုင်ပေ ။
ထိုသို့ သောအခြေအနေများကို ခိုင်မာစေသည့်အချက်များအဖြစ် - ဖွဲ့ စည်းအုပ်ချုပ်ပုံအသစ်
နှင့်ရွေးကောက်ပွဲလုပ်ပြီး ဖြစ်ပေါ်လာသည့် အစိုးရအသစ်ဟု ဆိုသော်လည်း ၄င်းအချိန် မတိုင်မှီက စစ်အာဏာရူးများမှ မတရားဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသားများအား ပြန် လည်လွတ်ပေးခြင်းမပြုပဲ ဆက်လက်ဖမ်းဆီးထားခြင်း ၊ တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်မီးအား အပြင်းအထန်ပြန်လည် တောက်လောင်ရန်ပြုလုပ်နေခြင်း ၊လူမျိုးတုံးသတ်ဖြတ်မူများနှင့် စစ်ရာဇဝတ်ပြစ်မူအမျိုး
မျိုးကို ကျူးလွန်နေခြင်း ၊သတင်းမီဒီယာလွတ်လပ်ခွင့်မရှိသည့်အပြင် ပိုမိုဆိုးဝါးစွာ ပိတ်ပင်ချုပ်ချယ်လာခြင်း ၊လွတ်လပ်ပွင့်လင်းသည့် နိုင်ငံရေးဝန်းကျင်ဖြစ်ပေါ်မလာရန် ဥပဒေနှင့်အာဏာကို အလွဲသုံးစား ပြုမူများ ဆက်လက်တည်ရှိနေခြင်း ၊ ပြည်သူလူထု၏ သဘောဆန္ဒကိုလှစ်လျူရူပြီး မြေပေါ်မြေအောက် သယံဇာတ များကို ( စစ်အာဏာကြီးထွားရေးနှင့် ကိုယ်ကျိုးသက်သက် ) အလွဲသုံးစားပြုခြင်း ၊ ရောင်းချ အသုံးပြုခြင်းများ လုပ်နေသည့်အတွက် မြေပေါ်မြေအောက် အရင်းအမြစ်များ တဖြေးဖြေး ကုန်ခမ်းလာသည့် အန္တရာယ်ကိုရင်ဆိုင်နေရခြင်း ၊ ထို့ အပြင် သဘာဝပတ်ဝန်းကျင်စောင့်ရှောက်မူ မရှိသည့်အတွက် သဘာဝပတ်ဝန်းကျင် ပျက်ပြားမူနှင့်အတူ ဂေဟဗေဒစနစ်များ ပျက်ဆီးမူကို တွေ့ ကြုံနေရခြင်း ၊တရားဥပဒေကို အလွဲသုံးစားပြုမူ ၊ အာဏာကိုအလွဲသုံးစားပြုမူများ ဆက်လက်ပြုလုပ်နေသည့်အတွက် ပြည်သူတရပ်လုံးမှာ ဥပဒေ၏ စောင့်ရှောက်မူကို မခံစားရပဲ အကာအကွယ် မဲ့သည့် ဘဝသို့ ရောက်နေခြင်း ၊ပြည်သူလူထုအတွက် ညီမျှသည့် စီးပွားရေးအခွင့်အလမ်း ကင်းမဲ့မူကြောင့် ငတ်မွတ်ခေါင်း ပါးမူ ၊ ဆင်းရဲ မွဲတေမူပိုမို မြင့်မားလာကာ လူအဖွဲ့ အစည်းတွင်း ကိုယ်ကျင့်တရား ပျက်ပြားမူ အဆင့် ပိုမိုမြင့်တက်လာခြင်း စသည်ဖြင့် ထင်သာမြင်သာရှိသည့် အချက်အလက် များအပြင် အခြားတဖက်တွင်လည်း ၊ ကမ။ာ့ နိုင်ငံရေးကစားကွင်းထဲတွင် ပြည်တွင်းရေး ဆိုသည့်အကြောင်း ပြချက်တခုကို ထည်လဲအသုံးပြုရင်း လည်သလိုကြည့်လုပ်ဆိုသည့် နိုင်ငံခြားရေးမူဝါဒ များဖြင့် အရှက်အကြောက်မဲ့စွာ လိမ်လည်လှည့်ဖျားခြင်း အပေးအယူလုပ်ခြင်းများကို အဆက်မပြတ်ပြုနေပြီး ၄င်းတို့ အာဏာတည်မြဲရေးဆိုသည့် ရေတိုအမြင်ဖြင့်သာ အရာရာကိုချဉ်းကပ် အကောင်အထည် ဖော်နေကြသလို ၊ ပထဝီနိုင်ငံရေးအရ နိုင်ငံတကာ၏ အပြောင်းအရွေ့ များကို လှစ်လျူရူ ထားပြီး ၊ ကျောထောက် နောက်ခံရရေးကိုသာ အားစိုက်နေသည့် အတွက် တရုတ်နိုင်ငံ၏ ( စနစ်တကျ ပြုလုပ်နေသည့် ) လူမျိုးရေး ကျူးကျော်မူ ၊ လက်သိပ်ထိုး ခံနေရသည့် နိုင်ငံရေးသြဇာလွမ်းမိုး စွက်ဖက်မူ ၊ စီးပွားရေးအရ အမြတ်ထုတ်မူ ၊ စစ်ရေးရည်မှန်းချက် ဖြင့် ပြုလုပ်နေသည့်( သိသာထင်ရှားသည့် စစ်ရေးအခြေစိုက်စခန်းများအပြင် ) တည်ဆောက်ရေးလုပ်ငန်းများ ( ဆည်မြောင်းများ အပါအဝင် ) အား လုပ်ဆောင်နေခြင်းကို ခံနေရသည်မှာ ဒေသတွင်း သြဇာ လွမ်းမိုးနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ ( အဓိက တရုတ်နှင့် အိန္ဒယအကြား အားပြိုင်မူ ) အပါအဝင် အခြားသောကမ။ာ့ အင်အားကြီး နိုင်ငံများအကြား နိုင်ငံရေး ၊ စစ်ရေး အားပြိုင်မူ အတွက် တိုင်းပြည်တခုလုံးနှင့် ပြည်သူလူထုမှာ လူမသိသူမသိနှင့်မြေဇာပင်
ဘဝသို့ တဖြေးဖြေး တရွေ့ ရွေ့ ပြောင်းလဲသွားနေခြင်း မှာ အင်မတန်ကြောက်မက်ဖွယ်ကောင်းသည့် အနာဂါတ်ပင် ဖြစ်ပါတယ် ။
သို့ သော်လည်း တိုင်းပြည်နှင့် ပြည်သူလူထု မည်သို့ ပင်ဖြစ်နေစေကာမူ ၄င်းတို့ ၏မှားယွင်း နေသော ခြေလှမ်းများအား နောက်ပြန်လှည့်ခြင်းမရှိ ၊ ပြင်ဆင်ရွေ့ လျားခြင်းမပြု ၊ ထိုသို့ သော အပြုအမူများ သဘောသဘာဝများအရ လက်ရှိကြံ့ဖွံ့ အစိုးရ ဆိုသည်မှာ နအ ဖသန်းရွှေ စစ်အစိုးရပင်ဖြစ်သည် ဆိုခြင်းမှာ ထင်သာမြင်သာရှိလွန်းလှတယ် ။ ဒီနေရာမှာထည့်သွင်းတွက်ချက်သင့်တာက စစ်တပ်တွင်းက အရာရှိ အကြပ် တပ်သား တွေ ကို တိုင်းပြည်ရဲ့ အခြေအနေမှန်နဲ့ တည်ငြိမ် အေးချမ်းတဲ့ တိုင်းပြည်အဖြစ် ပြောင်းလဲမူ အတွက်
ကြံ့ဖွင့်အစိုးရဟာ ( လက်တဆုပ်စာ စစ်အာဏာရူးတစုရဲ့ ကြိုးဆွဲအဖွဲ့ ဖြစ်နေလို့ ) ဘယ်လိုမှ အကောင်အထည်
ဖော်မှာ မဟုတ်သလို ၊ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေဟာ ( စီးပွားရေး ၊ ကျမ်းမာရေး ၊ ပညာရေး ၊ လူမူရေး စသဖြင့် နယ်ပယ်အသီးသီးမှာ ) တနေ့ ထက်တနေ့ ပိုမို ဆိုးရွားတဲ့ အဆင့်ကို အသွားနူန်း မြန်မြန်နဲ့ ရွေ့ ရှားနေပြီဖြစ်တဲ့ အတွက် ကြားဖြတ်အစိုးရတရပ်ကိုဖွဲ့ စည်းသင့်တာဟာ မဖြစ်မနေဖြတ်သန်းရမဲ့ နိုင်ငံရေးလိုအပ်ချက်ဖြစ်တယ်ဆိုတာကို သဘောပေါက်နားလည်လာအောင် စည်းရုံးရှင်းလင်းမူကို အလေးအနက်ထားပြီး လုပ်ဆောင်သင့်ပါတယ် ၊
ဘာကြောင့်ဆို စစ်တပ်ကို လက်ကိုင်တုတ်အဖြစ် အသုံးပြုနေကျတဲ့ စစ်ခေါင်းဆောင် အာဏာရူးတွေက လိမ်လည် သိမ်းသွင်းထားမူတွေရဲ့ အကျိုးဆက်ကြောင့်တိုင်းပြည်နဲ့  လူမျိုးကို ကာကွယ် စောင့်ရှောက်ရမဲ့ အမျိုးသား စစ်တပ်ကနေပြီး ၊ အသွင်ပြောင်း ကြေးစားစစ်တပ်အသွင်ကိုရောက်နေလို့ ဖြစ်ပါတယ် ။
ကြားဖြတ်အစိုးရတရပ်ဘာကြောင့်လိုသလဲဆိုတာ အလုံးစုံသော အခြေအနေတွေက တောင်းဆိုနေပါပြီ ၊ ဒီနေရာမှာ ဘယ်လိုလူတွေနဲ့ ဖွဲ့စည်းသင့်သလဲဆိုတာတော့ပုဂ္ဂိုလ်နာမည်တွေနဲ့ စဉ်းစားတာထက်အခြေခံကျတဲ့ ( ရပ်တည်ချက် )အချက်တွေပေါ်ကို မူတည်စဉ်းစားတာပိုကောင်းမယ် လို့ ထင်ပါတယ် ။
ဥပမာ - ဒီမိုကရေစီစနစ်ကို ယုံကြည် လက်ခံမူရှိခြင်း ၊ သမာသမတ် စိတ်ဓါတ်ရှိခြင်း ၊ (နိုင်ငံရေး ၊လူမျိုးရေး ၊ ဘာသာရေးအရ ) အစွန်းရောက်သည့် သဘောထားမရှိခြင်း ၊ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း စစ်မှန်သည့် တိုင်းပြည်အပြောင်းအလဲကို ရိုးသားစွာ လိုလားစိတ်ရှိခြင်း ၊ ထိုလုပ်ငန်းအတွက် အရည်အချင်းရှိခြင်း ၊ အများမှ အသိအမှတ်ပြု လက်ခံသူဖြစ်ခြင်း စသဖြင့်သတ်မှတ်ချက်ထားနိုင်ပါတယ် ။
အတိုက်အခံနိုင်ငံရေးပါတီများ အဖွဲ့ အစည်းများကသူတွေတင်မကပဲ ၊ တိုင်းရင်းသားအဖွဲ့ အစည်းများ ၊ စစ်တပ်တွင်းမှ တိုးတက်သည့်အမြင်ရှိသူများအပါ အဝင် အခြေခံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူများ ( မည်သူ့ ကိုမဆို ) ထည့်သွင်း စဉ်းစားနိုင်ပါတယ် ၊ ဘာကြောင့်ဆို အတိုက်အခံလို့ ပြောနေတဲ့ ဒီမိုကရေစီ အင်အားစုတရပ်ထဲကနေပြီး တိုင်းပြည် အပြောင်းအလဲ ဖြစ်အောင် ဖန်တီးနိုင်တဲ့
အနေအထားမရှိဘူးဆိုတာကို မေ့လျော့ထားဖို့ မဖြစ်နိုင်လို့ ပါပဲ ၊ အချိန်အခါသဘောကတော့ မြန်မြန်ဖွဲ့ စည်းနိုင်လေ ပြည်သူနဲ့ တိုင်းပြည်အတွက်ရင်ဆိုင်ကြုံ တွေ့ နေရတဲ့ ဘဝရဲ့ ခါးသီးနာကျင်မူတွေက မြန်မြန် လွတ်ကင်းလေ ဆိုတာပါပဲ ။
သက်ထွန်း
25.7.2011
No comments:
Post a Comment