ညတွေဆို စိတ်က အတိတ်ကိုပြန်မြင်ရောင်မိတယ်။ သေချာတာတခုက ငါ့မှာနောင်တမရှိ။ စားတော့လည်း အရွက်၊ အသီး။ အိပ်တော့လည်း တကိုယ်တည်း။ ယုံကြည်ချက်တခုအတွက် ဘ၀ကို ဖြတ်သန်းနေဆဲ။ ယခုအချိန်အထိတော့ မှော်ကဝေအတတ်တွေ ငါမသင်ခဲ့မိသေး။ ငယ်စဉ်ကလေး ဘ၀မှာကိုပင် တိုင်းပြည်က အကျယ်ချုပ်နဲ့ ရှိနှင့်နေပြီးသား။ ဒီလိုနဲ့ပဲ မနက်ခင်းပေါင်းများစွာကို ရုန်းလိုက်၊ နှစ်လိုက်၊ အားတင်းလိုက်နှင့် ဘ၀ဟာ အချိန်တိုင်းပဲ ပေ ဖြစ်ခဲ့ရတယ်။ လူဆိုတာ အခွင့်အရေးရှိတယ်။ ကိုယ့်ကြမ္မာ ကိုယ်တိုင်ဖန်တီးလို့ရတာကို သိခဲ့ရပြီးတဲ့နောက် လွတ်လပ်တဲ့ ၀န်းကျင်သစ်တွေဆီ၊ ကမBာသစ် တည်ထောင်သူတို့ဆီ အုပ်တချပ်၊ သဲတပွင့် ပေးဆပ်ခွင့် ရရှိခဲ့တယ်။ ကíန်တော်က သူပုန်ဖြစ်ခဲ့တယ်။
သူပုန်သေလို့ အမွေချန်ထားစရာမရှိ။ ဘ၀ရဲ့ ပထမအရွယ်မှာပဲ တော်လှန်ရေးသမားဘ၀နဲ့ ကန့်လန့်ကာစဖွင့်။ ကံ့ကော်ပင်တွေကို ကျောခိုင်း၊ မာလာဆောင်ကိုကျောခိုင်း၊ ခေတ်ပျက်ထဲက ဘွဲ့တခု မရခင်မှာပဲ တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်၊ ဘ၀က ဒီလိုဖြစ်စေခဲ့တယ်။ ရေဆန်ပဲ ဖြစ်ဖြစ်၊ လေထန်ပဲ ဖြစ်ဖြစ် ၀ိညာဉ်နဲ့ ခနြွာ တည်ရှိနေသေးသ၍ ရွက်လွှင့်နေမြဲ၊ ရည်မှန်းချက် မရောက် သေးသ၍တော့ တော်လှန်နေဆဲပဲ။ ချစ်သူထက် သူပုန်ဘ၀ကို ပိုမြတ်နိုးမိခဲ့သူပါ။ ချစ်သူက ငြူဆူပေမယ့် တော်လှန်ရေးကိုတော့ ထိခိုက်မခံခဲ့ဘူး။
ကဲ ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားကြမလဲ။ အတိတ်ဆိုတာ အတိတ်မှာ ထားခဲ့လို့ရတာ မဟုတ်ဘူး။ ဒါဟာ ငါ့ နားလည်မှုအရ လက်ဆင့်ကမ်းရမယ့် အတိတ်သမိုင်းဖြစ်တယ်။ အဲဒီလိုတွေးဖြစ် နေလို့ ငါဟာ အာဏာကို စိတ်ပျက်မိတယ်။ အပြစ်မဲ့ နင်းပြားတွေရဲ့ ညည်းငြူသံတွေက ငါ့ကို ငိုေºကွး စေခဲ့တယ်။ တိုင်းပြည်ကလဲ သေနတ်ပြောင်းမှ ထွက်တဲ့အာဏာဟာ ဥပဒေဖြစ်တယ်။ ကိုးကွယ်ယုံကြည်မှု တွေ၊ လမ်းမထက် သေစေတာတွေဟာ ဘယ်အချိန်မှာ စဉ်းစား၊ စဉ်းစား ဘယ်တော့မှ လူမဆန်ဘူး။ သစ်တပင်ရဲ့ အမြစ်တွေလို အမှောင်ထဲမှာ ထိုးခွဲ ရှင်သန်နေရတဲ့ ဘ၀မျိုး ငါမလိုချင်ဘူး။ ငါဟာ ငါ့ခံယူချက်၊ ငါ့ယုံကြည်ချက်၊ ငါ့မျှော်လင့်ချက်တွေနဲ့အတူ လွတ်လပ်စွာ ပျံသန်းခွင့်ကို မက်မောခဲ့။ ဒါကြောင့် ပုန်ကန်သူဘ၀မှာ ရည်ရွယ်ချက်ရှိသမျှ အကုန်ဖူးပွင့်နိုင်ကြတယ်။
ငါတော်လှန်ဆဲ တိုင်းပြည်မှာ ခေတ်ပျက်သူဌေးတွေက လွဲလို့ လူတိုင်း၊ အချိန်တိုင်းဟာ သောကတွေနဲ့ လျှောက်လှမ်းနေရ။ မုဒိတာပွားသူတွေနည်းပါး၊ ဗြဟ္မာစိုတရား ခေါင်းပါး။ လောင်မြိုက်မဲ့ သဏ္ဍာန်လား၊ ပေါက်ကွဲမဲ့ အခြေအနေလား။ နေရာတိုင်း စိုးရွံ့မှုတွေနဲ့ အသံမျိုးစုံ၊ အာရုံမျိုးစုံ အကြိမ်ကြိမ်ကြားနေရ။ ရုန်းထွက်ခွင့် ရှိပါရက်နဲ့ ရုန်းမထွက်နိုင်အောင် အိမ်မက်တွေ အခိုးခံခဲ့ရ။ တစ်ချက်လောက်မှ ပြန်လှည့်မကြည့်တော့ဘူးလား။ နှလုံးသားရှိသူတိုင်း မျက်ရည်ကျရမယ့် နေရာတခုဖြစ်တယ်။ စိတ်ထဲက မြင်ကြည့်နိုင်မှာပါ။ ထာဝရ တည်နေမယ့်နိုင်ငံမှာ ထာဝရတည်အောင် လုပ်ထားတဲ့ အာဏာတွေရှိတယ်။ ဒုက္ခနဲ့ ထုဆစ်ထားတဲ့ အနာဂါတ်တွေရှိတယ်။ အနတ္တကို နတ္တ ထင်နေသူတွေလည်း ရှိနေဆဲ။ သူငယ်ချင်း မိတ်ဆွေ အဟောင်းတွေ ပြန်ဆုံတွေ့တဲ့အခါ မင်းဘာတွေ လုပ်နေလည်း မေးရင် သိက္ခာရှိရှိ ရင်နှင့်အမျှ ညှိုးငယ်စရာမရှိ “ ငါတော်လှန်ရေးလုပ်၏”လို့ ရဲရဲ ပြောနိုင်တယ်။ မိန်းမရပြီလား မေးရင်တော့ ယခုအချိန်ထိ ဟိုချီမင်း လို့ပဲ ပြောရလိမ့်မယ်။ ဖြတ်သန်းမှု တလျှောက် နေရာဒေသအနှံ့ရောက်၊ ခံယူချက်တွေ ထမ်းပိုး၊ ယခုအချိန်အထိ ပုန်ကန်နေသူ။ ရိုးသားစွာ ဘယ်လို အခြေအနေကြောင့်ပဲဖြစ်ဖြစ် သူပုန်ဘ၀ သေနတ်ကိုလွယ်၊ ခွပ်ဒေါင်းအလံကို ရွက်လွှင့် ရေဆုံးရေဖျားအထိ ချီတက်နေဆဲ။
ဒီလိုနဲ့ပဲ ကíန်တော့် နှလုးသားထဲက အရောင်မရှိတဲ့ မေတ္တာတွေ၊ သစ္စာတွေ၊ ရုပ်ဝတ္ထုကအစ အသက်ခနြွာ အဆုံး အားလုံးပေးဆပ်ခဲ့တယ်။ ဘာအစွဲမှ မထားဘူး၊ ခေတ်ကပေးတဲ့ ဘ၀။ နှင်းဖွဲတွေရဲ့ ချစ်စဖွယ် ဖြူစင်မှုလို ရောင်စဉ်တန်းကို ဖေါက်ထွက်ခဲ့ပေမယ့် နဂိုလ် အဖြူရောင်သက်သက် ဘာမှ မရောယှက်ခဲ့ဘူး။ နှင်းဖွဲဖွဲကနေ နှင်းမိုးရွာသလိုပါပဲ။
ခေတ်တွေလည်း စီးဆင်းဆဲ။ မြစ်တွေလည်း ကွေ့ကောက်ဆဲ။ အချစ်တွေလည်း ပွင့်လန်းမြဲ။ သမိုင်းကပေးတဲ့ တာဝန်ကို ထမ်းဆောင်နေတယ်ဆိုတဲ့ နှလုံသားနဲ့ အသိအမှတ်ပြုရင်ပဲ ကíန်တော် ကျေကျေနပ်နပ် ခံယူမှာပါ။
အခုလို ခံယူခဲ့မှုဟာလည်း မလွတ်လပ်ကြတဲ့ အနာဂါတ်တွေ ရွှေရောင်တောက်ပဖို့အတွက် အောက်ခံဆေးလောက်တော့ ကíန်တော် အသက်နှင့်အမျှ အနစ်နာခံ ပေးဆပ်မှုတွေဟာ အနိမ့်ဆုံး ရင်ထဲမှာ ပြုံးပြနေရင်တော်ပါပြီ။ အဲဒီအတွက် ကíန်တော့် ခံယူချက် နည်းနည်းတော့ ပြောပါရစေ။ အားလုံးစိတ်ထဲက အသိအမှတ်ပြုဖို့ဆိုရင် ကíန်တော့်မှာ အနာဂါတ်ရှိတယ်။ အဲ့ဒီ အနာဂါတ်ဟာ အတ္တမဟုတ်တာတော့ သေချာတယ်။
တိုင်းပြည်ကိုချစ်လို့ သူပုန်လုပ်တယ်။ အာဏာရှင်ကို အံတုဖို့ လက်နက်ကိုင်တယ်။ ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုဘူး။ တိုင်းပြည်ကြီ့း့ ရေ မင့်အပေါ်မှာ စိတ်ကူးတွေနဲ့သာ ကျေးဇူးဆပ်နေကြမယ်ဆိုရင် ဘယ်တော့မှ လက်တွေ့ကျမှာမဟုတ်။ လက်တွေ့ကျကျ အနာဂါတ်ကို ပျံသန်းဖို့ တစ်ကိုယ်ကောင်းဆန်တဲ့ စည်းဝိုင်းထဲက လူသားမဆန်တဲ့ လုပ်ရပ်တွေနဲ့ ဝေးရာမှာ ငါ့ကို မင်းလိုချင်တဲ့ ရွှေရောင်အာရုဏ်ဦးတွေအတွက် ငါ့ရဲ့ ခွန်အားရှိသ၍ ပါဝင်ခွင့်ပြုပါ။
ယခုအချိန်ထိတော့ အာဏာတဲ့ သီချုပ်ထားတဲ့ ၀တ်ရုံထဲက တိုင်းပြည်ဟာ မရှုနိုင်၊ မကယ်နိုင် အကျဉ်းကျနေဆဲ။ လူမဆန်စွာ ရက်စက်တဲ့ လုပ်ရပ်တွေကြားမှာ တိုင်းပြည်ဟာ အရှုံးတွေနဲ့ ရင်ဆိုင်နေရဆဲ။ မသတီစရာ အမိန့်တွေ ပြည့်နေတဲ့ မျက်နှာစိမ်းတွေရဲ့ အလယ်မှာ တိုင်းပြည်ဟာ ဆင်းရဲတွင်း နက်နေဆဲ။ လွတ်လပ်ရေးရပြီး မလွတ်လပ်တဲ့ တိုင်းပြည်ဟာ ထွက်ပေါက်မဲ့ ချုပ်နှောင်မှုတွေ များပြားနေဆဲ။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် မရသ၍ လွတ်လပ်တဲ့ ၀န်းကျင်သစ်တွေဆီ၊ ကမBာသစ် တည်ထောင်သူတို့ဆီ အုပ်တချပ်၊ သဲတပွင့် ပေးဆပ်ခွင့်ပြုနေဆဲပါ။ ကíန်တော်ဟာ သူပုန်ဖြစ်တယ်။
ဗန်းယမ်းထန်
No comments:
Post a Comment