Monday, February 21, 2011

မခါးစေချင်သော စကားများ


 ဒီဆောင်းပါးရေးတဲ့ ကျမဟာ စာဖတ်ဝါသနာပါပြီး ကဗျာလေးနဲနဲပါးပါး ရေးနေတဲ့သာမန်
ပြည်သူတဦးပါ။အခုကျမရေးချင်တဲ့အကြောင်းအရာလေးကိုလည်း ရေးဖို့သင့်မသင့်တော်တော်လေး
အချိန်ယူစဉ်းစားခဲ့ပြီးမှ ကျမတို့နိုင်ငံနဲ့လူမျိုးအတွက်တစုံတရာအကျိုးရှိနိုင်မယ်လို့ယူဆမိတဲ့အတွက်ရေးလိုက်
ရတာပါ။  ကျမ ဒီဂျပန်နိုင်ငံကို ရောက်မှသတိထားမိတဲ့ ကိစ္စလေးတခုရှိပါတယ်၊  အဲဒီ ကိစ္စကသာမန်
အားဖြင့် နိုင်ငံရေးနဲ့မသက်ဆိုင်ဘူးထင်ရပေမယ့်စဉ်းစားလေလေ နိုင်ငံရေးအတွက်သာမကအမျိုးသား
စည်းလုံးညီညွတ်ရေးအတွက်ရော၊  တနိုင်ငံလုံးအတွက်သာမက အဖွဲ့အစည်းတခု၊  မိသားစုတစုချင်း
အတွက်ပါ အရေးကြီးတဲ့ကိစ္စတခု  ဖြစ်နေတာတွေ့ရပါတယ်။  
 အဲဒါကတော့  ကျမတို့ နိုင်ငံသားချင်း  တွေ့ကြဆုံကြတဲ့အခါ  စကားပြောဆိုဆက်ဆံတဲ့
ကိစ္စပဲဖြစ်ပါတယ်။ ကျမလေ့လာမိသလောက်တော့ ဂျပန်နိုင်ငံအပါအ၀င် နိုင်ငံကြီးတော်တော်
များများက နိုင်ငံသားများဟာ တဦးနဲ့တဦးတွေ့ဆုံကြတဲ့အခါ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့
နှုတ်ဆက်တတ်ကြပါတယ်။   ဆွေးနွေးစရာ ကိစ္စရှိခဲ့ရင်လည်း တယောက်နဲ့တယောက် 
နားဝင်အောင် ပြေပြေပြစ်ပြစ် ပြောဆိုဆွေးနွေးတတ်ကြတာကို တွေ့ရပါတယ်။
       နိုင်ငံတနိုင်ငံ ခေတ်မှီဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာမှာ အဲဒီ နိုင်ငံရဲ့နိုင်ငံသား အချင်းချင်း 
တဦးနဲ့တဦး ချစ်ခင်စည်းလုံးညီညွတ် ကြဖို့ အထူး လိုအပ်တယ်ဆိုတာအားလုံးအသိပဲ
ဖြစ်ပါတယ်။ ထို့အတူပဲ အဖွဲ့အစည်းတခု၊မိသားစုတခုတိုးတက်တည်မြဲဖို့ဆိုရာမှာလည်း 
ချစ်ခင်စည်းလုံးမှုဟာ အဓိကလိုအပ်ချက်တခု ဖြစ်နေတာ တွေ့ရပါတယ်။ 
အဲဒီလိုတယောက်နဲ့ တယောက်ချစ်ခင်စည်းလုံးမှုရစေမယ့်အဓိကအချက်ကတော့ စကား
အပြောအဆို ကိုယ်ဟန်အမူအရာဖြစ်တယ်လို့ကျမထင်ပါတယ်။
 ကျမတို့မြန်မာနိုင်ငံက လူမျိုးစုတွေအားလုံးဟာ အင်မတန်စိတ်ရင်းကောင်းပြီး ဖေါ်ရွေတဲ့လူမျိုးလို့ ကမBာမှာကျော်ကြားပါတယ်။ အဲဒါဟာ မှန်လည်းမှန်ကန်ပြီး ဂုဏ်ယူစရာလည်း အလွန်ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့်ကျမတို့နိုင်ငံမှာ အခုချိန်ထိစစ်မှန်တဲ့ ဒီမိုကရေစီနဲ့ အေးချမ်းတည်ငြိမ်မှုမရသေးပါဘူး။ အဲဒါ ဘာဖြစ်လို့ပါလဲလို့ စဉ်းစားကြည့်တဲ့အခါမှာ စည်းလုံးညီညွတ်မှု အားနည်းနေခြင်းဟာ အခြေခံအချက်တခုဖြစ်နေတယ်လို့ ထင်မိပါတယ်။ အတိုက်အခံ အဖွဲ့အစည်း တွေအချင်းချင်း၊ ပြည်သူပြည်သားအချင်းချင်း စည်းလုံးညီညွတ်ကြရင်အဓမ္မကိုဓမ္မက အောင်နိုင်မှာမလွဲပါဘူး။အဲဒီလို 
စည်းလုံးညီညွတ်ကြဖို့ရာမှာ တဦးနဲ့တဦး ပြောဆိုဆက်ဆံမှုက အခြေခံကျတဲ့လိုအပ်မှုတခု
လို့ထင်မိပါတယ်။
 ဂျပန်နိုင်ငံဟာ ကျမတို့မြန်မာနိုင်ငံလို သယံဇာတºကွယ်ဝခြင်း သိပ်မရှိတဲ့  ကျွန်းနိုင်ငံလေး
ဖြစ်ပါလျက်နဲ့ ဘာကြောင့် ခေတ်မှီဖွံ့ဖြိုး တိုးတက်နေရတာပါလဲ။   လက်လှမ်းမှီသလောက်လေ့လာ
ကြည့်တဲ့အခါမှာ  ဂျပန်လူမျိုးတွေဟာ  အချင်းချင်း အင်မတန်ချစ်ခင် စည်းလုံးညီညွတ်ကြတာတွေ့
ရပါတယ်။ အဲဒါဟာ တိုင်းပြည်တခု တိုးတက်ပြောင်းလဲဖို့ အဓိကလိုအပ်ချက်တခုပါပဲ။  ဘာကြောင့်
ချစ်ခင်စည်းလုံးကြသလဲလို့  ဆက်ပြီးလေ့လာကြည့်တဲ့အခါမှာ  သူတို့ဟာ  တဦးနဲ့တဦး လေးလေး
စားစား သိမ်သိမ်မွေ့မွေ့ ပြောဆိုဆက်ဆံတတ်တာကို တွေ့ရပါတယ်။
                နိုင်ငံတိုင်း လူမျိုးတိုင်းမှာ အားနည်းချက် အားသာချက်တွေ ရှိတတ်စမြဲမို့လို့ သူများနိုင်ငံရဲ့
အားသာချက်၊ ကောင်းမွန်တဲ့အချက်တွေ တွေ့တဲ့အခါမှာလည်း ကိုယ့်နိုင်ငံတိုးတက်စေဖို့အတွက် အ
တုယူသင့်တယ်လို့ ထင်ပါတယ်။ ကျမတို့နိုင်ငံနဲ့ လူမျိုးဟာလည်း အင်မတန်ယဉ်ကျေးသိမ်မွေ့ပြီး ရိုးသား
တဲ့လူမျိုးလို့ ချီးမွမ်းခံခဲ့ရတဲ့လူမျိုးပါ။ ဒါပေမယ့် အခုအခါမှာတော့အရင်ကထက် ယဉ်ကျေးသိမ်မွေ့မှု
နဲပါးလာသလို ခံစားမိပါတယ်။  ဒါကြောင့်လည်း စည်းလုံးညီညွတ်မှု လျော့နည်းလာတယ်လို့ ထင်မိပါ
တယ်။ ကျမတို့ မြန်မာနိုင်ငံသားတွေဟာ အများအားဖြင့်  အချင်းချင်းဆုံတွေ့တဲ့အခါ  တဦးနဲ့တဦး
ချစ်ချစ်ခင်ခင် ပြောဆိုဆက်ဆံမှုနည်းပြီး တဦးနဲ့တဦး မခံချင်အောင်ပြောဆိုကြ၊  မခံချင်အောင်စကြ
နောက်ကြ၊ ရိတတ် ခနဲ့ တတ်ကြတာကို ပိုပြီးတွေ့ရပါတယ်။ တခိျု့ကလည်း ခင်လို့စတာနောက်တာလို့
ပြောတတ်ပါတယ်။  ဘယ်လိုပဲဖြစ်ဖြစ်  စတာနောက်တာမှာလည်း သူတပါးအားနည်းချက်၊ အရှက်ရ
စေမယ့်အချက်၊ သူမကြိုက်မနှစ်သက်တဲ့အချက်တွေနဲ့ မစမနောက်တာ အကောင်းဆုံးပါပဲ။ ကျီစား
သန်ကရန်များဧ။် ဆိုတဲ့ စကားပုံလေးကို သတိရစရာပါပဲ။ တခိျု့ကြတော့ ၀သီပါနေလို့ဆိုပြီး စကားကို
ခပ်ကြမ်းကြမ်းပြောတတ်တာမျိုး၊ အဆဲအဆိုလေးနဲ့မှ ပြောတတ်တာမျိုးလည်း တွေ့ရပါတယ်။
 လောကမှာ  ကြိုးစားရင် ဘုရားတောင်  ဖြစ်နိုင်တယ်လို့  ဆိုစကားရှိတာမို့ ပြုပြင်ချင်တဲ့
စိတ်ရှိရင် အဲဒီဝသီဆိုးကို ပြင်ဖို့ သိပ်ခက်ခဲမယ်လို့ မထင်မိပါဘူး။ တခိျု့ကတော့ စကားနည်းလို့ ပြန်မပြော တတ်လို့၊ ဒါမှမဟုတ် ရိုင်းပြသူနဲ့ ဖက်ပြိုင်ပြီး  ပြန်ပြောရမှာရှက်လို့  ငြိမ်နေတတ်တဲ့သူကိုဆိုရင်  ပိုပြီးစတော့  နောက်တာမျိုး၊  မခံချင်အောင်  ရိသဲ့သဲ့ပြောတာမျိုးတွေ  လုပ်တတ်ကြပါတယ်။ပြောဆိုခံရ သူက နှုတ်ကနေ ဘာမှပြန်မပြောပေမယ့် စိတ်ထဲမှာ ထိခိုက်သွား၊ စိတ်ခုသွားတယ် ဆိုရင်နှစ်ယောက် ကြား က ချစ်ခင်ရင်းနှီးမှု အနည်းနဲ့အများ ပျက်ပြားသွားရပါပြီ။ အဲလိုေ ပြာဆိုတတ်သူတွေအတွက် နှုတ်ကြောင့်သေ လက်ကြောင့်ကြေ ဆိုတဲ့ စကားပုံလေးက သတိထားစရာပါ။  အထက်မှာဖေါ်ပြခဲ့ သလို ပြောဆိုဆက်ဆံမှု အားနည်းတဲ့လူတွေ များများရှိနေတဲ့ မိသားစု၊ အဖွဲ့အစည်း.တွေဟာလူချစ်လူခင်နည်း စေတဲ့အပြင် မိသားစုအတွင်း၊ အဖွဲ့အစည်း အတွင်း စည်းလုံးညီညွတ်မှုနဲ့ တိုးတက်မှုကိုလည်းလျော့ပါး စေပြီး  နောက်ဆုံးပြိုကွဲတဲ့အထိ  ဖြစ်စေပါတယ်။    အဲဒီလို လူမျိုးတွေ များလာတဲ့တိုင်းပြည်ဟာ လည်း စည်းလုံးညီညွတ်မှု အားနည်း လာတဲ့အတွက်  တဖြည်းဖြည်းဆုတ်ယုတ်ဖို့သာရှိပါတယ်။
            တခိျု့သောသူများကတော့ ငါတို့က ဟန်မဆောင်တတ်ဖူး၊ အရှိကိုအရှိအတိုင်း  အမှန်ကို
အမှန်အတိုင်း ပြောတာ၊ ရိုင်းချင်လည်းရိုင်းမယ်လို့ ပြောတတ်ကြပါတယ်။ ရိုးသားပွင့်လင်းတာနဲ့ ရိုင်းပြ
တာဟာ မတူပါဘူး။ ရိုးရိုးသားသားနဲ့သိမ်သိမ်မွေ့မွေ့ ပြောလို့လည်း ရနိုင်ပါတယ်။ ယဉ်ကျေးသိမ်မွေ့
တာဟာ ရှက်စရာမဟုတ်သလို၊ ယဉ်ယဉ်ကျေးကျေး ပြုမူဆက်ဆံလို့ ဘယ်သူကမှ အပြစ်တင်မှာမဟုတ်
ပါဘူး။ အဲလို ပြောဆိုဆက်ဆံတဲ့အတွက် ပထမဆုံးအကျိုးရှိမှာက မိမိကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ရိုင်းပြသူ
ကို  လူတွေမချစ်ခင်တတ်ကြပါဘူး။   ရိုင်းပြတတ်သူများ ကိုယ်တိုင်ကလည်း သူတို့ကို ရိုင်းရိုင်းပြပြပြန်
ပြောဆိုဆက်ဆံရင် မကြိုက်တတ်ကြပါဘူ။ အဲဒိတော့ မိမိက ကောင်းကောင်းမွန်မွန်၊  ယဉ်ယဉ်ကျေး
ကျေး ဆက်ဆံပါလျက်နဲ့  တဖက်ကရိုင်းရိုင်းပြပြ  တုန့်ပြန်လာရင်ကောလို့မေးစရာရှိပါတယ်။  အဲလို
လူမျိုးကိုတော့ လစ်လျူရှုထားလိုက်တာ ကောင်းပါလိမ့်မယ်။  ကိုယ်လိုလစ်လျူရှုတဲ့ လူတွေများလာ
ရင် အဲဒိလူဟာ အပယ်ခံထားရတယ်လို့ ခံစားလာရပြီး လူ့အဖွဲ့စည်းထဲ ၀င်ဆန့်နိုင်အောင်သူ့ဘာသာ
သူ ပြုပြင်လာပါလိမ့်မယ်။
 စကားနဲ့ပတ်သက်ပြီး ဆုံးမထားတဲ့ မြန်မာစကားပုံတွေ အများကြီးရှိပါတယ်။ အဲဒီ ထဲကမှ
ဒီစာစုလေးနဲ့ ပတ်သက်တဲ့ စကားပုံလေးတခိျု့ကိုပဲ ကောက်နှုတ်တင်ပြပါရစေ။  အပြောအဆို လိမ္မာ
ယဉ်ကျေးလို့ ဘ၀အဆင့်အတန်းမြင့်နိုင်တဲ့  အကြောင်းကို  နှုတ်ကောင်းတော့ ပြည်စိုးဆိုတဲ့စကား
ပုံလေးနဲ့ အသိပေးထားပါတယ်။    ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်
ဆိုတဲ့ စကားပုံလေးကတော့ လူချစ်လူခင်များစေပြီး၊ မုန်းသူနည်းပါးရအောင် ပြောဆိုဆက်ဆံမှုကို  သတိပြုစေချင်တဲ့ စကားပုံလေးပါ။ နှုတ်¹မွက်ချိုသာစွာ ပြောဆိုခြင်းဟာ ပီယဆေးတပါးလို အစွမ်းထက်
စေကြောင်းကိုတော့နှုတ်ချို လျိုတပါး ဆိုတဲ့ စကားပုံလေးနဲ့ဖေါ်ပြထားခဲ့ပါတယ်။     ကမBာကျော်  စာရေးဆရာပြဇာတ်ဆရာကြီး   ရှိတ်စပီးယားကတော့  စကားပြောသူဟာ
နောင်တကို ရစေပြီး၊ နားထောင်သူကတော့  ပညာရစေတယ်လို့  ဆိုထားခဲ့ကြောင်း  မှတ်သားဖူးပါ
တယ်။ အဲဒီ အဆိုအမိန့်ကတော့ မလိုအပ်ပဲ စကားများများပြောသူတွေနဲ့ အပြောအဆို မယဉ်ကျေးသူ
များအတွက် ရည်ရွယ်ထားခဲ့တယ်လို့ ထင်မိပါတယ်။
            မြန်မာ့သမိုင်းမှာ  အလွန်ထင်ရှားတဲ့  အင်းဝခေတ်  စာဆိုတော် ဆရာတော်ရှင်မဟာရဌ
သာရရဲ့ ဆုံးမစာတရပ်မှာလည်း တယောက်စကား၊ တယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊
မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ။  မတွေ့ခိုက်ရန်၊ မကျုးလွန်နှင့်၊ မျက်မာန်ဒေါသ၊  မထွက်ရ
အောင်၊ မာန်မာနကို ချုပ်ကြလေ..လို့ နှောင်းလူများအတွက် ဆုံးမစကားချန်ထားခဲ့ပါတယ်။
 ကျေးဇူးတော်  ကြီးမားလှတဲ့  ဆရာတော်ရဲ့ ဆုံးမသြ၀ါဒအတိုင်း ကျမတို့ နိုင်ငံသားတိုင်း
လိုက်နာကျင့်ကြံနိုင်ကြမယ်ဆိုရင်တော့မိသားတစုချင်း၊ အဖွဲ့အစည်းတခုချင်းရဲ့ ချစ်ခင်စည်းလုံးမှုကနေ
ကျမတို့နိုင်ငံကို စစ်မှန်တဲ့ လွတ်လပ်ရေးရ ရှိစေနိုင်တဲ့ အင်အားစုကြီးတခု ဖြစ်ပေါ်လာရမှာ မလွဲပါဘူးလို့
တွေးတောမိသမျှလေး အကြံပေးရင်း  မြန်မာနိုင်ငံသားများအတွက် လွတ်လပ်တဲ့  မြန်မာနိုင်ငံတော်
သစ် အမြန်ဆုံးဖြစ်တည်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။
သီတာအောင် (သံလွင်ခ)
                                                       

Sunday, February 20, 2011

သူပုန်တစ်ယောက်ရဲ့  အက္ခရာစဉ် (၁)

 ညတွေဆို စိတ်က အတိတ်ကိုပြန်မြင်ရောင်မိတယ်။ သေချာတာတခုက ငါ့မှာနောင်တမရှိ။ စားတော့လည်း အရွက်၊ အသီး။ အိပ်တော့လည်း တကိုယ်တည်း။ ယုံကြည်ချက်တခုအတွက် ဘ၀ကို ဖြတ်သန်းနေဆဲ။ ယခုအချိန်အထိတော့ မှော်ကဝေအတတ်တွေ ငါမသင်ခဲ့မိသေး။ ငယ်စဉ်ကလေး ဘ၀မှာကိုပင် တိုင်းပြည်က အကျယ်ချုပ်နဲ့ ရှိနှင့်နေပြီးသား။ ဒီလိုနဲ့ပဲ မနက်ခင်းပေါင်းများစွာကို ရုန်းလိုက်၊ နှစ်လိုက်၊ အားတင်းလိုက်နှင့် ဘ၀ဟာ အချိန်တိုင်းပဲ ပေ ဖြစ်ခဲ့ရတယ်။ လူဆိုတာ အခွင့်အရေးရှိတယ်။ ကိုယ့်ကြမ္မာ ကိုယ်တိုင်ဖန်တီးလို့ရတာကို သိခဲ့ရပြီးတဲ့နောက် လွတ်လပ်တဲ့ ၀န်းကျင်သစ်တွေဆီ၊ ကမBာသစ် တည်ထောင်သူတို့ဆီ အုပ်တချပ်၊ သဲတပွင့် ပေးဆပ်ခွင့် ရရှိခဲ့တယ်။ ကíန်တော်က သူပုန်ဖြစ်ခဲ့တယ်။
 သူပုန်သေလို့ အမွေချန်ထားစရာမရှိ။ ဘ၀ရဲ့ ပထမအရွယ်မှာပဲ တော်လှန်ရေးသမားဘ၀နဲ့ ကန့်လန့်ကာစဖွင့်။ ကံ့ကော်ပင်တွေကို ကျောခိုင်း၊ မာလာဆောင်ကိုကျောခိုင်း၊ ခေတ်ပျက်ထဲက ဘွဲ့တခု မရခင်မှာပဲ တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်၊ ဘ၀က ဒီလိုဖြစ်စေခဲ့တယ်။ ရေဆန်ပဲ ဖြစ်ဖြစ်၊ လေထန်ပဲ ဖြစ်ဖြစ် ၀ိညာဉ်နဲ့ ခနြွာ တည်ရှိနေသေးသ၍ ရွက်လွှင့်နေမြဲ၊ ရည်မှန်းချက် မရောက် သေးသ၍တော့ တော်လှန်နေဆဲပဲ။ ချစ်သူထက် သူပုန်ဘ၀ကို ပိုမြတ်နိုးမိခဲ့သူပါ။ ချစ်သူက ငြူဆူပေမယ့် တော်လှန်ရေးကိုတော့ ထိခိုက်မခံခဲ့ဘူး။
 ကဲ ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားကြမလဲ။ အတိတ်ဆိုတာ အတိတ်မှာ ထားခဲ့လို့ရတာ မဟုတ်ဘူး။ ဒါဟာ ငါ့ နားလည်မှုအရ လက်ဆင့်ကမ်းရမယ့် အတိတ်သမိုင်းဖြစ်တယ်။ အဲဒီလိုတွေးဖြစ် နေလို့ ငါဟာ အာဏာကို စိတ်ပျက်မိတယ်။ အပြစ်မဲ့ နင်းပြားတွေရဲ့ ညည်းငြူသံတွေက ငါ့ကို ငိုေºကွး စေခဲ့တယ်။ တိုင်းပြည်ကလဲ သေနတ်ပြောင်းမှ ထွက်တဲ့အာဏာဟာ ဥပဒေဖြစ်တယ်။ ကိုးကွယ်ယုံကြည်မှု တွေ၊ လမ်းမထက် သေစေတာတွေဟာ ဘယ်အချိန်မှာ စဉ်းစား၊ စဉ်းစား ဘယ်တော့မှ လူမဆန်ဘူး။ သစ်တပင်ရဲ့ အမြစ်တွေလို အမှောင်ထဲမှာ ထိုးခွဲ ရှင်သန်နေရတဲ့ ဘ၀မျိုး ငါမလိုချင်ဘူး။ ငါဟာ ငါ့ခံယူချက်၊ ငါ့ယုံကြည်ချက်၊ ငါ့မျှော်လင့်ချက်တွေနဲ့အတူ လွတ်လပ်စွာ ပျံသန်းခွင့်ကို မက်မောခဲ့။ ဒါကြောင့် ပုန်ကန်သူဘ၀မှာ ရည်ရွယ်ချက်ရှိသမျှ အကုန်ဖူးပွင့်နိုင်ကြတယ်။
 ငါတော်လှန်ဆဲ တိုင်းပြည်မှာ ခေတ်ပျက်သူဌေးတွေက လွဲလို့ လူတိုင်း၊ အချိန်တိုင်းဟာ သောကတွေနဲ့ လျှောက်လှမ်းနေရ။ မုဒိတာပွားသူတွေနည်းပါး၊ ဗြဟ္မာစိုတရား ခေါင်းပါး။ လောင်မြိုက်မဲ့ သဏ္ဍာန်လား၊ ပေါက်ကွဲမဲ့ အခြေအနေလား။ နေရာတိုင်း စိုးရွံ့မှုတွေနဲ့ အသံမျိုးစုံ၊ အာရုံမျိုးစုံ အကြိမ်ကြိမ်ကြားနေရ။ ရုန်းထွက်ခွင့် ရှိပါရက်နဲ့ ရုန်းမထွက်နိုင်အောင် အိမ်မက်တွေ အခိုးခံခဲ့ရ။ တစ်ချက်လောက်မှ ပြန်လှည့်မကြည့်တော့ဘူးလား။ နှလုံးသားရှိသူတိုင်း မျက်ရည်ကျရမယ့် နေရာတခုဖြစ်တယ်။ စိတ်ထဲက မြင်ကြည့်နိုင်မှာပါ။ ထာဝရ တည်နေမယ့်နိုင်ငံမှာ ထာဝရတည်အောင် လုပ်ထားတဲ့ အာဏာတွေရှိတယ်။ ဒုက္ခနဲ့ ထုဆစ်ထားတဲ့ အနာဂါတ်တွေရှိတယ်။ အနတ္တကို နတ္တ ထင်နေသူတွေလည်း ရှိနေဆဲ။ သူငယ်ချင်း မိတ်ဆွေ အဟောင်းတွေ ပြန်ဆုံတွေ့တဲ့အခါ မင်းဘာတွေ လုပ်နေလည်း မေးရင် သိက္ခာရှိရှိ ရင်နှင့်အမျှ ညှိုးငယ်စရာမရှိ “ ငါတော်လှန်ရေးလုပ်၏”လို့ ရဲရဲ ပြောနိုင်တယ်။ မိန်းမရပြီလား မေးရင်တော့ ယခုအချိန်ထိ ဟိုချီမင်း လို့ပဲ ပြောရလိမ့်မယ်။ ဖြတ်သန်းမှု တလျှောက် နေရာဒေသအနှံ့ရောက်၊ ခံယူချက်တွေ ထမ်းပိုး၊ ယခုအချိန်အထိ ပုန်ကန်နေသူ။ ရိုးသားစွာ ဘယ်လို အခြေအနေကြောင့်ပဲဖြစ်ဖြစ် သူပုန်ဘ၀ သေနတ်ကိုလွယ်၊ ခွပ်ဒေါင်းအလံကို ရွက်လွှင့် ရေဆုံးရေဖျားအထိ ချီတက်နေဆဲ။
 ဒီလိုနဲ့ပဲ ကíန်တော့် နှလုးသားထဲက အရောင်မရှိတဲ့ မေတ္တာတွေ၊ သစ္စာတွေ၊ ရုပ်ဝတ္ထုကအစ အသက်ခနြွာ အဆုံး အားလုံးပေးဆပ်ခဲ့တယ်။ ဘာအစွဲမှ မထားဘူး၊ ခေတ်ကပေးတဲ့ ဘ၀။ နှင်းဖွဲတွေရဲ့ ချစ်စဖွယ် ဖြူစင်မှုလို ရောင်စဉ်တန်းကို ဖေါက်ထွက်ခဲ့ပေမယ့် နဂိုလ် အဖြူရောင်သက်သက် ဘာမှ မရောယှက်ခဲ့ဘူး။ နှင်းဖွဲဖွဲကနေ နှင်းမိုးရွာသလိုပါပဲ။
 ခေတ်တွေလည်း စီးဆင်းဆဲ။ မြစ်တွေလည်း ကွေ့ကောက်ဆဲ။ အချစ်တွေလည်း ပွင့်လန်းမြဲ။ သမိုင်းကပေးတဲ့ တာဝန်ကို ထမ်းဆောင်နေတယ်ဆိုတဲ့ နှလုံသားနဲ့ အသိအမှတ်ပြုရင်ပဲ ကíန်တော် ကျေကျေနပ်နပ် ခံယူမှာပါ။
 အခုလို ခံယူခဲ့မှုဟာလည်း မလွတ်လပ်ကြတဲ့ အနာဂါတ်တွေ ရွှေရောင်တောက်ပဖို့အတွက် အောက်ခံဆေးလောက်တော့ ကíန်တော် အသက်နှင့်အမျှ အနစ်နာခံ ပေးဆပ်မှုတွေဟာ အနိမ့်ဆုံး ရင်ထဲမှာ ပြုံးပြနေရင်တော်ပါပြီ။ အဲဒီအတွက် ကíန်တော့် ခံယူချက် နည်းနည်းတော့ ပြောပါရစေ။ အားလုံးစိတ်ထဲက အသိအမှတ်ပြုဖို့ဆိုရင် ကíန်တော့်မှာ အနာဂါတ်ရှိတယ်။ အဲ့ဒီ အနာဂါတ်ဟာ အတ္တမဟုတ်တာတော့ သေချာတယ်။
 တိုင်းပြည်ကိုချစ်လို့ သူပုန်လုပ်တယ်။ အာဏာရှင်ကို အံတုဖို့ လက်နက်ကိုင်တယ်။ ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုဘူး။ တိုင်းပြည်ကြီ့း့ ရေ မင့်အပေါ်မှာ စိတ်ကူးတွေနဲ့သာ ကျေးဇူးဆပ်နေကြမယ်ဆိုရင် ဘယ်တော့မှ လက်တွေ့ကျမှာမဟုတ်။ လက်တွေ့ကျကျ အနာဂါတ်ကို ပျံသန်းဖို့ တစ်ကိုယ်ကောင်းဆန်တဲ့ စည်းဝိုင်းထဲက လူသားမဆန်တဲ့ လုပ်ရပ်တွေနဲ့ ဝေးရာမှာ ငါ့ကို မင်းလိုချင်တဲ့ ရွှေရောင်အာရုဏ်ဦးတွေအတွက် ငါ့ရဲ့ ခွန်အားရှိသ၍ ပါဝင်ခွင့်ပြုပါ။
 ယခုအချိန်ထိတော့ အာဏာတဲ့ သီချုပ်ထားတဲ့ ၀တ်ရုံထဲက တိုင်းပြည်ဟာ မရှုနိုင်၊ မကယ်နိုင် အကျဉ်းကျနေဆဲ။ လူမဆန်စွာ ရက်စက်တဲ့ လုပ်ရပ်တွေကြားမှာ တိုင်းပြည်ဟာ အရှုံးတွေနဲ့ ရင်ဆိုင်နေရဆဲ။ မသတီစရာ အမိန့်တွေ ပြည့်နေတဲ့ မျက်နှာစိမ်းတွေရဲ့ အလယ်မှာ တိုင်းပြည်ဟာ ဆင်းရဲတွင်း နက်နေဆဲ။ လွတ်လပ်ရေးရပြီး မလွတ်လပ်တဲ့ တိုင်းပြည်ဟာ ထွက်ပေါက်မဲ့ ချုပ်နှောင်မှုတွေ များပြားနေဆဲ။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် မရသ၍ လွတ်လပ်တဲ့ ၀န်းကျင်သစ်တွေဆီ၊ ကမBာသစ် တည်ထောင်သူတို့ဆီ အုပ်တချပ်၊ သဲတပွင့် ပေးဆပ်ခွင့်ပြုနေဆဲပါ။ ကíန်တော်ဟာ သူပုန်ဖြစ်တယ်။
      
ဗန်းယမ်းထန်