၂၀၁၀ ရွေးကောက်ပွဲနဲ့ အတူ လက်နက်ကိုင်တော်လှန်ရေးတွေ ပြန်လည် နိုးကြွ ထမြောက်လာပြန်ပါပြီ့  အရင်တုန်းက လွတ်တော်ထဲ ၀င်ပြောမယ်ဆိုတဲ့ ပါတီတွေလည်း တနေရာမှ မရတာနဲ့  ဆူလောပွတ်လော ရိုက်နေပါပြီ။။ ဘာမှ မရှိတာထက် စာရင် တခုခုရှိတာကောင်းတာပေါ့လို့  ယူဆခဲ့သူတွေလည်း အခုရှိလာမှာက ဘာလဲဆိုတာကို သဘောက်ပေါက်လာကြပါပြီ။။အစကတည်းက သိရက်သားနဲ့  အခုလောက်ဆိုးမယ် မထင်လို့  ရွေးကောက်ပွဲ ၀င်ခဲ့မိပါတယ်လို့  ပြောလာတဲ့ အမတ်လောင်းတွေ အခုတော့ သာမန်အရပ်သား ဘ၀ နဲ့  ရှေ့ ဆက် ဘယ်လို ရင်ဆိုင် ကြမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။။
စစ်အာဏာရှင်ကို နှစ်ရှည် ရင်ဆိုင်အံတု အတိုက်အခံပြုခဲ့တဲ့ အဖွဲ့ ချုပ်ရဲ့  ရပ်တည်ချက်ဟာ မှန်တယ် လို့  ပြောလာတဲ့ အမတ်လောင်းတွေရဲ့  ပြောစကားတွေကို အခုကြားလာရပါပြီ။။ စစ်သားလွှတ်တော်မှာ အရပ်သားတွေ ပါလာရင်လည်း အမျိုးမျိုးထပ်ညစ်ဦးမယ်ဆိုတာကို ပြောပြချင်ပါတယ်။။
အမျိုးသားညီလာခံတုန်းက ညီလာခံရဲ့  အခြေခံမူ ဆိုတာတွေနဲ့  ညီလာခံထဲမှာ ပြောခွင့် ဆိုခွင့်တွေ ကို ပိတ်ပင်ထားပြီး စစ်တပ်သဘောကျ ရေးဆွဲခဲ့ပါတယ်။။ အခု လွတ်တော်ထဲ ရောက်ရင်လဲ အခုလို လွတ်တော် အခြေခံမူ ဆိုတာတွေကို အမည်မသိလူတွေက ထပ်ထုပ်ပြီး ကန့် သတ်ကြဦးမှာပါ။။ လွတ်တော်ထဲမှာ ပြောဆိုဆွေးနွေးတာတွေကို အပြင်မီဒီယာတွေကို ပြောပြနိုင်ဖို့  အခွင့်အရေး အမတ်တိုင်း ရရှိ မှာဟုတ်ပါဘူး။။ လွတ်တော်ပြန်ကြားရေးကော်မတီတို့  ။ ပြောပိုင်ခွင့် ။ ဆိုပိုင်ခွင့် စတဲ့ အချက်တွေနဲ့  ဖိထားဦးမှာပါ။။
အရင်ကတည်းက အင်အား နည်းရတဲအထဲ အခုလွတ်တော်ထဲရောက်မဲ့ အမတ်အရေအတွက် ရာဂဏန်းတောင်ရှိပါ့မလား။။ ကြိုတင်မဲနဲ့  အားလုံးကို အနိုင်ယူမယ်ဆိုတာ နဂိုကတည်းက အာဏာရှင်တွေက လုပ်ပြီးသားပါ။။ ဒါတွေကို သိပါရက်နဲ့  အဲဒီလို လုပ်မယ်လို့ မထင်လို့ ပါ။။ ဒီလိုဖြစ်မယ်လို့ မထင်လို့ ပါ ဆိုတဲ့ အချက်ဟာ အနာဂတ်မြန်မာနိုင်ငံတော်ကို ဦးဆောင်မဲ့  အမတ်လောင်းတွေရဲ့  အရည်အချင်းကို ဖော်ထုတ်ပြသ လိုက်တာဘဲဖြစ်ပါတယ်။။
မဲပေးလဲ မထူးပါဘူ့း့  လို့  ခံစားထားတဲ့ ပြည်သူတွေရဲ့  ဘ၀ပေးအသိဟာ ဒီနေရာမှာ သိပ်မှန်သွာပါ ပြီ။။ ယနေ့ လူငယ်တွေရဲ့ ရင်ထဲ စစ်အာဏာရှင်ဆိုတာ ဒါမျိုးတွေလား ဆိုတဲ့ အသိတခုကတော့ ရောက်သွားမှာ ကျိန်းသေးပါတယ်။။ အဲဒါ အမြတ်ပါဘဲ။။ နဂိုကတည်းက ရွေးကောက်ပွဲကို ဆန့် ကျင်ထားသူ။ စစ်သားတွေ လုပ်ပေးတဲ့ ရွေးကောက်ပွဲကို အယုံအကြည်မရှိတဲ့ သူတွေ အတွက်ကတော့ အခုတလော ကြားနေရတဲ့ ရွေးကောက် ပွဲ အနိုင်အရှုံး သတင်းဟာ မြ၀တီမြို့ မှာ ဖြစ်နေတဲ့ စစ်သတင်းလောက် စိတ်ဝင်စားစရာ မကောင်း ဘူးလို့ ထင်မြင်မိပါတော့တယ်။။
ကော့သား
No comments:
Post a Comment