Monday, June 13, 2011
ဘုရားသာသနာလား … စစ်တပ်သာသနာလား …
(၁)
အရှင်ဘုရား အရှင်ဘုရားတို့ ကူညီထားတဲ့ သီလရှင်ကို စက်ချုပ်သင်တန်းက လက်မခံတော့ဘူးတဲ့ဘုရား။
အထက်ပါ စကားကို အမော တကော လျှောက်ထားသူကတော့ သံဃာတော်တွေနဲ့ သီလရှင်တွေကိုထောင်ဝင်စာတွေ့နေသူ ၂၀၁၁ ခုနှစ်၊ ပြည်သူ့ဂုဏ်ရည်ဆု ရှင် ဒေါ်ရှုပါ။ ဘယ်လိုများဖြစ် လို့ပါလိမ့်လို့ဆက်မေးကြည့်တော့ …။
''မှန်ပါ … စက်ချုပ်သင်တန်းကို တပည့်တော်ကိုယ်တိုင်လိုက်အပ်ပေးတာလေ … အဲဒါ ဒီနေ့တပည့်တော်ပုံကို ဂြိုဟ်တုစလောင်းကနေ တွေ့လို့တဲ့။ တပည့်တော်အပ်တာဆို လက်မခံရဲတော့ဘူးဆိုပြီး ပိုင်ရှင်ကနှင်ထုတ်လိုက်တာပါဘုရား''
ဟု ပြန်လျောက်၏။
''အော် ဖြစ် မှဖြစ်ရပလေ''
ဟုသာ ညည်းးမိပါတော့တယ်။
(၂)
အပြည့်အစုံနားလည်အောင်ပြန်ပြောရရင်တော့ အဖြစ်ကဒီလိုပါ။ ၂၀၀၇ စက်တင်ဘာအရေးအခင်းဖြစ်တော့ အနယ်နယ်အရပ်ရပ်က ဘုန်းကြီးကျောင်း တွေကို စစ်တပ်က၀ိုင်းဖမ်းလို့ ရဟန်းသံဃာတော်တွေ သီလရှင်တွေ အမြောက်အများအဖမ်းခံခဲ့ရပါတယ်။
အဲဒီအဖမ်းခံရတဲ့အထဲက မြောက်ဥက္က လာပမြို့နယ် သစ္စာသရဖူကျောင်းလည်း တကျောင်းအပါအ၀င် ပါ။ ကျောင်းထိုင်ဆရာတော်အပါ အ၀င် သံဃာ (၇) ပါးနဲ့ သီလရှင်(၇) ပါး ပါ အဖမ်းခံခဲ့ရ တယ်။ အချို့ဆရာတော်ကြီးတွေနဲ့ သီလရှင်ကြီးတွေက သက်တော် (၇၀) ကျော် (၈၀) နီးပါးအရွယ်တွေပါ။ ဆရာတော်ကြီးတပါးနဲ့ သီလရှင်ကြီး နှစ်ပါးက လေဖြတ်ခံထားရသူတွေ။ အဲဒီတုန်းက အဖမ်းခံခဲ့ရပုံကို ဆရာလေး မ၀ိစိတ္တက ဒီလိုပြန်ပြောပြခဲ့ပါတယ်။
''ညအချိန်မတော်ကြီးဘုရား စစ်တပ်က၀ိုင်းပြီးဖမ်းတာဘုရား … တပည့်တော်တို့ကျောင်းက ဆရာတော်ကြီးအပါအ၀င် သံဃာ (၇) ပါးနဲ့ သီလရှင် (၇) ပါး အဖမ်းခံခဲ့ရပါတယ်ဘုရား။ တပည့်တော်တို့ကို အကြိမ်ကြိမ်ရုံးထုတ်စစ်ဆေးပြီး ပုဒ်မ (၂၉၅) (က) ပုဒ်မ (၂၉၂) တို့နဲ့ ထောင်ဒဏ် (၄) နှစ်နဲ့ (၃) လအသီးသီးချမှတ်ခံခဲ့ရပါတယ်ဘုရား''
ဟု ၀မ်းနည်းကြေ ကွဲစွာ တုန်တုန်ရီရီဖြင့် လျှောက်ထားပါတယ်။
''ထောင်တွင်းအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့လဲ အစားအသောက်ကိစ္စတွေ ကျန်းမာရေးကိစ္စတွေကတော့ အများ သိပြီးဖြစ်လို့ ထပ်မလျောက်ချင် တော့ပါဘုရား။ တပည့်တော်စိတ်မကောင်းအဖြစ်ရဆုံးကတော့ တပည့်တော် အမေ အိုကြီးေ ထာင် တွင်းမှာအရိုက် ခံရတာကို မျက်စေ့ထဲက မထွက်ဘူး ဘုရား''
ဟုပြောရင်း ငိုချင်းချပါလေတော့တယ်။
တမိနစ်ခန့်ကြာမှ အသံကိုထိမ်းပြီး ''တပည့်တော်အမေအို သီလရှင်ကြီးက အသက် (၆၀) ကျော် (ရ၀) နီးပါးဖြစ်နေပြီ။ နဂိုကတည်းက စိတ်က သိပ်မ မှန်တော့ဘူးဘုရား။ အသက်ကလဲကြီး အနေအထိုင် အစားအသောက်ကလဲ ဆင်းရဲတော့ စကားများတာ ပေါ့ဘုရား …။ အဲဒါကိုထောင်ဝန်ထမ်းတွေက ဆူတယ် ညံတယ် အေးအေးမနေဘူးဆိုပြီး အမေအိုကြီးကို လက်သီးနဲ့ထိုးတာ သွားနှစ်ချောင်းကျိုးသွား တယ်ဘုရား …။ နောက်ဘယ်နေရာတွေ ဘာဖြစ်ကုန်လဲမသိဘူးဘုရား … တော်တော်နဲ့သတိမရဘူး။ အတော်လေးခံလိုက်ရတယ်။ ကိုယ့်အမေအိုကြီးကို ကိုယ့်ရှေ့ မှာထောင်ဝန်ထမ်းက လက် သီးနဲ့ထိုး ခြေထောက်နဲ့ကန်လုပ်နေတာကို တပည့်တော် ဘာမှမပြောနိုင် မကယ်နိုင်နဲ့ ဘယ်လောက်ခံစားရ မယ်ဆိုတာ အရှင်ဘုရား စဉ်းစားကြည့်ပါ ဘုရား''
ဟု ၀မ်းနည်းကြေကွဲစွာပြန်ပြောပြရှာပါတယ်။
''အတော်လေး ကိုယ်ချင်းစာတရားခေါင်းပါးတဲ့ ထောင်ဝန်ထမ်းပါတကား''
ဟု သက်ပြင်းအခါခါချမိပါတော့တယ်။
''အဖမ်းခံခဲ့ရတာနဲ့ပက်သက်ပြီးတော့ လည်း တပည့်တော် တကယ်ခံစားရတယ်ဘုရား ဖြစ်ပျက်သွားတာတွေကို အစကနေအဆုံးအထိ မမေ့ဘူး ဘုရား…။ တပည့်တော်ရဲ့ဘ၀မှာ ဒါမျိုးဖြစ်လိမ့်မယ်လို့လဲ တခါမှထင်မထား ဘူးဘုရား။ တပည့်တော်တို့ကို အပြစ်မရှိဘဲ အပြစ်ရှာပြီးဖမ်းလို့ (၄) နှစ် ကျော်ထောင်ထဲမှာနေခဲ့ရတယ်။ နာနာကျင်ကျင်ကြီး ကိုခံစားရပါတယ်ဘုရား …။ အတတ်နိုင်ဆုံးတ ရားနဲ့ ဖြေပါတယ်ဘုရား…။ ကလဲ့စားချေလိုစိတ်လဲ မရှိပါဘူးဘုရား''
ဟု နာကျည်းသံတ၀က် တရားသံလေးတ၀က် စွက်ပြီးဖြေကြား ပါတယ်။
(၃)
''တပည့်တော်တို့ (….) နေ့က သီရှင်လေးပါးလုံး ထောင်ကလွတ်မြောက်လာခဲ့ပါတယ်။ ထောင်ကထွက်လာတော့ အရင်နေခဲ့တဲ့ကျောင်း ကိုပြန်ပါတယ် တပည့်တော်တို့ သီလရှင်တွေမရောက်ခင် အာဏာပိုင်တွေက အရင်ကြိုရောက်နေပြီး ဒီကျောင်းမှာပြန်နေလို့မရတဲ့ အကြောင်း သီလရှင်ဝတ်ခွင့်မပြုနိုင် ကြောင်းပြောပြီး သီလရှင်တွေကိုမောင်းထုတ်ခဲ့တာ ပါ။ ထောင်ကထွက်ခါစ ကျန်းမာရေးကလည်း မကောင်း နေစရာစားစရာမရှိ ဘယ်သွားရမှန်းမသိနဲ့ တပည့်တော်တို့ သီလရှင်တွေလမ်းပေါ်မှာ ယောင်ချာချာဖြစ်နေခဲ့ တာပါ။ နောက်ဆုံးတပည့်တော် တို့သတိရလိုက်တာကတော့ အမှုရင်ဆိုင် တုန်းက တရားရုံးကိုလာပြီး ဆွမ်းကပ်သူ အ၀တ်အ စား ဆေးဝါးပေးသူ ထောင်တွင်းကို ထောင်ဝင်စာပို့ ပေးနေသူေ ဒ်ါရှုကိုပါ။ ဒေါ်ရှုက သီလရှင်တွေရဲ့အခက် အခဲကိုဖြေရှင်းပေးလိုက်လို့ အထိုက်အလျောက်အဆင်ပြေသွားပါတယ်။ လွတ်လာတဲ့ သီလရှင်လေးပါးထဲမှာ သီလရှင်အိုကြီးနှစ်ပါးကတော့ သူတို့ရဲ့ အမျိုးတွေကတာဝန်ယူသွားလို့ အဆင်ပြေ သွားပါတယ်။ တပည့်တော်တို့သားအမိကတော့ ဦးလေးဖြစ်သူအိမ်မှာ ကပ်ရပ်ပြီးနေထိုင် ခဲ့ကြပါတယ်။ ဦး လေးဖြစ်သူက အကြော်ရောင်းကျွေပြီး စောင့်ရှောက်ခဲ့တာပါ။ အတောာ်လေးဆင်းရဲ တယ်ပါတယ်ဘုရား''
ဟု ကြောင့်ကြောင့်ကြကြ ပူပူပင်ပင် ဆိုရှာပါတယ်။
သီလရှင်လဲပြန်ဝတ်လို့လဲမရတော့ ဆရာလေးမ၀ိစိက္တကို အသက်မွေးဝမ်းကြောင်းမှု့အတွက် ဒေါ်ရှုက စက်ချုပ်သင်တန်း အပ်ပေးခဲ့ေ ပမယ့် စက်ချုပ်ရုံ သင်တန်းပိုင်ရှင်က အထက်ကပြောခဲ့သလို အကြောက်လွန်ပြီး ခုလိုလက်မခံရဲတော့ဘူးဆို တဲ့ အခြေအနေတွေဖြစ်လာတာပါ။
စာရေးသူလဲ မည်ကဲ့သို့ ပြု လုပ်ပေးရမည်မသိဖြစ်သွားရပါတယ်။ တခုခုတော့ အဆင်ြေ ပေ အာင် စီစဉ်ပေးရအုံးမယ်ထင်ပါရဲ့။
(၄)
ထောင်ထွက်တွေရဲ့ဘ၀တွေက အင်မတန်ဝမ်းနည်းကြေကွဲစရာတွေပါ။ ဆွေမျိုးသားချင်းတွေကအစ အာဏာပိုင်တွေက ဒုက္ခပေးမှာကြောက်လို့သူတို့ အိမ်ကို ထောင်ထွက်တွေလာမှာကို စိုးရိမ်ကြတယ်။ ခုတော့ သူတို့ဘာဆက်လုပ်ရ မှန်းမသိနဲ့ စိတ်ဆင်းရဲစွာ ဘ၀ကိုရင်ဆိုင်နေကြရပါတယ်။ သူတို့လိုပဲ ထောင်ကထွက်လာတဲ့သံဃာတော်တွေလဲ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ကြရတာပါ။
ယခုနယ်စပ်တနေရာကိုရောက်နေတဲ့ မိမိအသိ ဆရာတော်နှစ်ပါး ဆိုရင် ထောင်ထဲမှာ (၁၆) နှစ်နေခဲ့ကြရပြီး ထောင်ကထွက်လာတဲ့အခါ လက်ရှိကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က သိပ်ပြီးလက်မခံချင်တဲ့ အတွက် အာဏာပိုင်တွေကို သူတို့ကိုယ်တိုင် ကျောင်းကို ဘယ်နိုင်ငံရေးသမားတွေလာတယ် … ဘယ်သွားတယ် … ဘယ်လာတယ် … စသည်ဖြင့် သတင်းတွေ ပေးနေလို့ ဆက်မနေရဲတော့ဘဲ ဇာတိရွာတွေကိုပြန်သွားခဲ့ ရပါတယ်။
ရောက်တဲ့နေရာမှာ အာဏာပိုင်တွေက ထောင်ထွက်ဘုန်းကြီးတွေကို လက်ခံထား တဲ့ဘုန်းကြီးကျောင်းနဲ့ ကူညီနေသူတွေကို မကူညီရဲအောင် နည်းမျိုးစုံနဲ့ခြိမ်းခြောက်ပါတယ်။ ထောင်ထွက်ဘုန်းကြီးတွေကိုလဲ နေလို့မရအောင် အနှောင့်အယှက်ပေးတဲ့အတွက် ပြည်တွင်းမှာဆက်မနေရဲတော့ဘဲ ထိုင်းနိုင်ငံ လွတ်မြောက်နယ်မြေတနေရာကို ထွက်ခွာ လာခဲ့ရပါတော့တယ်။
အဲဒီထက် ပိုပြီးဆိုးတဲ့အဖြစ်အပျက်တခုလဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ြေ ခာက်လလောက်က ထောင်ကထွက်လာ တဲ့ ဘုန်းကြီးအိုကြီး တပါးရဲ့အဖြစ်မှန်ပါ။ ထောင်ကထွက်လာတော့ အရင်နေခဲ့တဲ့ကျောင်းကလဲ လက်မခံ၊ အခြားကျောင်းတွေကလဲ အာဏာပိုင်ကိုကြောက်လို့ လက်မခံရဲကြဘူး။ နေစရာကျောင်းမရှိလို့ ရထားဘူတာမှာ သွားအိပ်နေရရှာပါတယ်။ ရဲပတ္တရောင်နဲ့တိုးပါတယ် …။ ဘုန်းကြီးဖြစ်ကြောင်း ဒီနေ့မှထောင်ကထွက်လာကြောင်း နဲ့ ထောင်ထွက်လက်မှတ် ကိုပြပြီး ရှင်းပြပေမယ့် လက်မခံဘဲထောင်က ထွက်တဲ့နေ့မှာဘဲ ပြန်လည်အဖမ်းခံလိုက်ရပါတယ်။ တကယ့်ကိုဝမ်းနည်းစရာ ဗုဒ္ဓ ဘာသာနိုင်ငံဖြစ်နေပါပြီ။
န၀တ-နအဖလက်ထက်မှသည် ဦးသိန်းစိန်အစိုးရတက်လာတဲ့ ယနေ့အချိန်ထိ ဘာသာရေးဝန်ထမ်းတွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေနဲ့ သီလရှင် တွေဟာ အဖိနှိပ်ခံနေရဆဲ၊ ဘာသာရေးအခွင့်အရေးတွေချိုးဖောက်ခံနေရဆဲ ဆုံးရှုံးေ နရဆဲပါ။ မတရားတာတွေမလုပ်ကြဘို့ မှန်မှန်ကန်ကန်လုပ်ကြဘို့ တရားဟောတဲ့ဆရာတော်တွရဲ့ တရားပွဲတွေလဲ အပိတ်ခံထားရပါတယ်။ နာဂစ်မုန်တို င်းကြောင့် ဘေးဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့ ဘုန်း တောကြီး အတော် များများလဲ စစ်အာဏာရှင်တွေရဲ့ အနှောင့်အယှက်ေ ပးမှုက မလွတ်ပါဘူး။
ယနေ့ မိမိတို့ဗုဒ္ဓဘာသာသာသနာအခြေအနေကို ပြန်ကြည့်ရင် အဖက်ဖက်က ချွတ်ခြုံကျနေတာကိုတွေ့ရမှာပါ။ သာသနာတော် သန့်ရှင်း တည်တံ့ပြန့် ပွားရေး ဆောင်ရွက်နေပါတယ်ဆိုတဲ့ သံဃာ့မဟာနာယကဆရာတော်များကလဲ သံဃာတွေ မတရားအဖိနှိပ်ခံနေရတာတွေကို သိပါလျှက်နဲ့ မသိချင်ယောင် မမြင်ချင်ယောင်ဆောင်ပြီး နှာစေးေ တ်ာမူနေကြဆဲပါ။
၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလတုန်းကလဲ စစ်အာဏာရှင်တွေက ဘုန်းကြီးအတု တွေလို့ပြောပြီး ဘုန်းကြီးကျောင်းတွေကို စစ်တပ်က၀င်စီးတုန်းကလဲ တားမြစ်တော်မမူရှာဘူး။ ခပ်မဆိတ်နေတော်မူရှာပါတယ်။ စစ်အုပ်စုက သံဃာ ငယ်တွေကိုနှိပ်ကွပ်ဘို့ စည်းမျဉ်းစည်းကမ်းတွေထုတ်ပြီးပြောခိုင်းတဲ့အခါမှာတော့ သံဃာ့မဟာနာယကဆိုသူတွေဟာ ရဟန်းဆိုတာ ဘာဓူရ ညာဓူရ လုပ်ရမယ်နဲ့ စစ်အာဏာရှင်တွေအလိုကျ ပြောတော်မူပါတယ်။ အဲဒီလို အဂတိတရားတွေလက်ကိုင်ထားနေတဲ့ သံဃာ့မဟာနာယကပါ။ အဲဒီလို ပျက်စီးနေတဲ့အခြေအနေတွေကို သာသနာ စိတ်ရှိကြတဲ့ ဆရာတော်၊ သံဃာတော်တွေက အချိန်မီမပြုပြင်နိုင်ကြရင် မကာကွယ်နိုင်ကြရင်ဖြင့် ဗုဒ္ဓဘုရားသာသနာ ကွယ်ပျောက်ပြီး စစ်တပ်အလိုကျတည်ထောင်ထားတဲ့ စစ်တပ်သာသနာတော်ကြီးဖြစ်သွားတော့မှာဖြစ်ကြောင်း တင်ပြ လိုက်ရပါ တယ် …..။
အရှင်ပညာနန္ဒ
ဇွန် ၃၊ ၂၀၁၁
(www.baymyanmar.com မှ ကူးယူဖေါ်ပြပါသည်)
Sunday, June 12, 2011
ဘယ်လိုလူ ဘယ်လိုဘဝမျိုးနဲ့ ရှင်သန်မလဲ
လူတစ်ကိုယ်အမြင်တစ်မျိုးဆိုသလို လူတစ်ဦးနှင့်တစ်ဦးလောကကိုရှုမြင်သုံးသပ်ရာတွင် အမြင်ချင်း မတူညီနိုင်ချေ။ ဒါပေမဲ့ လူမှန်ရင်ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လူ့အသက်တစ်ချောင်းစာ တန်ဖိုးနဲ့ညီမျှတဲ့ ရှင်သန်နေတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်တာကတော့တူညီကြပါတယ်။ ဒီလိုလူ့ဘဝကို တန်ဖိုးမဲ့စွာဖြုန်းတီးပြစ်တယ်ဆိုရင် အလွန်နှမျှောဖို့ကောင်းလှပါတယ်။ ကျနော်တို့အနေနဲ့ မိမိလက်ဝယ်ရှိပြီးသား လူ့ဘဝရဲ့တန်ဖိုးကို လေးလေးနက်နက်စဉ်းစားကြည့်မိကြရဲ့လား၊၊ တကယ်ကို မိမိရှင်သန်မှုကို အဓိပ္ပါယ်ရှိရှိ အသုံးချနေလား၊ထိုက်တန်အောင် လုပ်ဆောင်နေလားဆိုတာ မိမိကိုယ်ကို တခါတရံပြန်လည်ဆန်းစစ် ကြည့်သင့်ပါတယ်။ ကျနော်တို့လို သာမညလူမဟုတ်တဲ့ အတုမရှိတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်က နေ့စဉ်ဆွမ်းခံကြွပြီးအပြန် ခြေဆေးဖို့ရပ်တဲ့အခိုက်မှာ-ဒီလိုမိန့်မြွတ်ဖူးပါတယ်၊၊
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
(၁) ဒုလ္လဘော မုဒ္ဓွုပ္ပါဒေါ လောက သ္မိံ
(၂) ဒုလ္လဘော မနုဿတ္တËိလာဘော
(၃) ဒုလ္လဘော (သဒ္ဓွါ) သမ္ပတ္တိ
(၄) ဒုလ္လဘော ပဗ္ဗဇ္ဇာ
(၅) ဒုလ္လဘံ သ္ဓွမ္မဿန
(၁) လောကမှာ ဘုရားအဖြစ်ဆိုတာ ရခဲတယ်။
(၂) လူ့အဖြစ်ဆိုတာလည်း ရခဲတယ်။
(၃) သဒ္ဓြွါတရားနှင့်ပြည့်စုံခြင်း ကိုလည်း ရခဲတယ်။
(၄) ရဟန်းအဖြစ်ကိုလည်း ရခဲတယ်။
(၅) သူတော်ကောင်းတရား နာကြားခွင့်ကိုလည်း ရခဲလှတယ့့် ဟုဆိုပြီးလူ့အဖြစ်ရခိုက်မမေ့မလျော့ မပေါ့မဆ သတိတရားလက်ကိုင်ထားရန်အလိုငှါ မိန့်ဘူးသည်ဟု(အံ၊ခ၊ဋ္ဌ၊၄၉)မှာဖတ်ဘူးပါတယ်။ ဒီလိုတန်ဖိုးရှိလှတဲ့ လူ့အဖြစ်ကို ရရှိဖို့ရာ ဘယ်လောက်ထိခက်ခဲတယ်ဆိုတာကို ရှင်တော်ဘုရားကဒီလိုလည်း ဥပမာပေးဘူးပါတယ်။ ကမBာမြေကြီးက မြေမှုံပမာဏနဲ့ သူ့လက်သည်းခွံပေါ်တင်တဲ့ မြေမှုံပမာဏ ကိုနှိုင်းယှဉ်ပြီး လူ့ဘဝ၊လူ့အဖြစ်ကို ရရှိရန်မှာ လက်သည်းခွံပေါ်က မြေမှုံပမာဏလောက်ကို နည်းပါးပါတယ်လို့ မိန့်ကြားခဲ့ပါတယ်။
ဒီလိုခက်ခဲလှတဲ့ တန်ဖိုးရှိတဲ့ လူ့ဘဝကို အတိတ်ကံ၏ကောင်းမှုကြောင့် ရရှိပြီးပါမှ ကျနော်တို့အနေနဲ့ အလဟသ ဖြုန်းတီး သလိုမျိုး၊ တန်ဖိုးသေးသိမ်စေသွားတာမျိုးဖြစ်အောင်မပြုမူသင့်ပါ။ ဒီနေ့ကမBာလို လူဦးရေ အဆမတန်တိုးပွါးနေလို့ အစာရိက္ခာကအစ အရာရာပြဿနာပေါင်းစုံနဲ့ လွှမ်းထုံနေတဲ့လောကကြီးမှာ လူ့ဘဝရှင်သန်မှုကို ရနေရုံနဲ့ကောင်းလှပြီဆိုတာ ဟုတ်ပါ့မလားလို့ အငြင်းပွါးမယ်ဆိုရင် အငြင်းပွါးနိုင်ပါတယ်။ ဒါကိုလည်း မြတ်စွာဘုရားရှင်က ကာလာမသုတ်မှာ အဆုံးအစွန်ထိဟောကြားထားဘူးပါတယ်။ ငါမြတ်စွာဘုရား
ဟောကြားတာမို့လည်း မျက်စိမှိတ်မယုံပါနဲ့။ ကျမ်းဂန်လာမို့လည်းမယုံသင့်။ သံသယဖြစ်သင့်သည့်အရာကို ကိုယ်ပိုင်စဉ်းဥာဏ်ဖြင့် တွေးတောပြီးမှလက်ခံရန် ဟောပြတော်မူခဲ့ပါတယ်။
ဒါဟာ ပညာရှင်တွေ ဆွေးနွေးကြမယ့် အပိုင်းအဖြစ်ထားလိုက်ပါ။ ကျနော်ဆိုလိုချင်တာက ဒီအဖိုးထိုက်တန်လှတဲ့ လူ့ဘဝကိုရပြီးမှ ဘယ်လိုလူစားတွေအဖြစ် ကျနော်တို့ ရှင်သန်နေထိုင်သွားမလဲဆိုတာပါ။ အနည်းဆုံး တခေတ်မှာ တစ်ယောက်လောက်သာ ပေါ်ပေါက်တတ်တဲ့ အာဇာနည်ပုဂ္ဂိုလ်မျိုးမဖြစ်တောင် ကောင်းတဲ့အသက်မွေးမှုနဲ့ ရှင်သန်နေထိုင်ရင်း ပျော်ရွှင်အောင်ဖန်တီး ရယူနိုင်ပါတယ်။
လူဆိုတာမွေးဖွားကတည်းက တူညီတဲ့တန်ဖိုးရှိတဲ့ အသက်တစ်ချောင်းကို ပိုင်ဆိုင်လာတာကတော့ အတူတူပါပဲ။ မွေးဖွားလာခဲ့တဲ့ နောက်ခံအသိုင်းအဝိုင်းကွာခြားချက်၊ ရုပ်ချောမှု၊ဥာဏ်ကောင်းမှု ဆိုတာတွေက အတိတ်ဘဝက ပေးတဲ့ကုသိုလ်ကံအလျောက် ဖြစ်ပေါ်ခဲ့တာမို့ ရွေးချယ်ခွင့်မရနိုင်ပါဘူး။ ဒါပေမဲ့ လက်ရှိဘဝမှာတော့ ဇနကံ (အတိတ်ဘဝကုသိုလ်ကံကြောင့် ဖြစ်ပေါ်မှု) ကိုရှောင်လွဲလို့ မရပေမယ့် ကြိုးစားအားထုတ်ပြုပြင်သူတို့  အတွက်တော့ ပစ္စုပ္ပုန်မှာ ပြောင်းလဲနိုင်ပါတယ်၊၊ ပစ္စုပ္ပန်ကံဖြင့် တိုးတတ်အောင် ဖြည့်ဆည်းရင်း ကျနော်တို့  ဘဝ ကို ကောင်းကျိုးချမ်းသာရအောင် လုပ်ဆောင်ရပါမယ်၊၊ “ကောင်းတာတွေ လုပ်ပေမယ့် ငါတို့ ကတော့ ဆင်းရဲ နေတာပဲ တချို့ များမကောင်းတာတွေ လုပ်ပြီး ချမ်းသာနေတာပါပဲ ဆိုပြီး မိမိကောင်းတာလုပ်နေတာ အပေါ်မှာ သံသယဝင် အယူမှားတတ်ပါတယ်၊၊ ကောင်းတာလုပ်ခြင်းသည် ကောင်းကျိုးကိုရမည်ဆိုတာ သေချာပါတယ်၊၊ ဆင်ရဲခြင်းကို ချက်ချင်းမပယ်ဖျက်နိုင်သော်လည်းကောင်းတာလုပ်နေသရွေ့ ကာလမှာတော့ အနည်းဆုံး လော လောဆယ် စိတ်ချမ်းသာစွာ ၊ လိပ်ပြာသန့် စွာနဲ့ နေထိုင်ခွင့်ကို ရရှိပါမယ်၊၊ မကောင်းတာတွေ လုပ်နေသူ အတွက် တော့သူရဲ့ ဝိဥာဉ်လိပ်ပြာရဲ့  အစဉ်အမြဲခြောက်လှန့် မှုနဲ့ အတူ ဘဝမှာ လိပ်ပြာလုံစွာ ရှင်သန်ခွင့် မရနိုင်ပါဘူး။
တကယ်တော့ လူ့ ဘဝ ဆိုတာ အမှန်တိုတောင်းလှပါတယ်၊၊ ဒီလို ရှင်သန်ခွင့် တိုတောင်းလှတဲ့ ကာ လမှာ ကျနော်တို့ ဟာ ဘယ်လို လူစားတွေအဖြစ် ရှင်သန်နေထိုင်သွားမလဲဆိုတာက အရေးကြီးလှပါတယ်၊၊ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့ လို အာဇာနည်ပုဂ္ဂိုလ်များဆို သူတို့ ရဲ့  ရှင်သန်ခွင့် တိုတောင်းခဲ့ပေမယ့် သူတို့ ရဲ့  ကောင်း ကျိုးလုပ်ရပ်တွေကြောင့် သူတို့ ရဲ့  ကျေးဇူးတရားနဲ့  နာမည်ဂုဏ်သတင်းကတော့ အစဉ်အမြဲရှင်သန်နေမှာပါ၊၊ ဒါကို ဘယ်လိုအရာတွေကမှ ပိတ်ပင်တားဆီး ဖျောက်ဖျက်ပစ်လို့ မရနိုင်ပါဘူး၊၊ ဒါပေမယ့် သန်းရွှေလို လူစား မျိုးကြတော့ လူမသေသေးပေမယ့် သူ့ ရဲ့ ရှင်သန်မှုက သေဆုံးသွားပါပြီ၊၊ မကောင်းတာလုပ်တဲ့ လူအတွက်တော့ သမိုင်းမှာ လူဆိုးလူယုတ်မာဆိုတဲ့ မကောင်းသတင်းကတော့ ထာဝရ ကျန်ရစ်ခဲ့မှာပါ၊၊ အာဏာ စည်းစိမ် တွေ ဘယ်လောက်ရှိရှိ မကောင်းတဲ့ အလုပ်တွေ နဲ့  နေထိုင်နေသူအတွက်တော့ သူရဲ့  လိပ်ပြာမလုံခြံမှုနဲ့ အတူ နေ့စဉ် ခြောက်လှန့် ခံနေရမှာပါ၊၊
ကျနော်တို့တွေရဲ့ ဘဝဟာ အခုနေခါမှာ မပြည့်စုံမှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရလို့ စိတ်ဓါတ်ကျစရာ၊ ဝမ်းနည်းအားငယ်နေစရာ မလိုပါဘူး။ မျှော်လင့်ချက်နဲ့ ကြိုးစားအားထုတ်နေတဲ့ ရှင်သန်တဲ့ဘဝကို ပိုင်ဆိုင်သူတိုင်းမှာ အခွင့်အလမ်းရှိပါတယ်။ ကျနော်တို့ဟာ အိစက်လှတဲ့ တန်ဖိုးကြီးလှတဲ့ ဖဲမွေ့ယာပေါ်မှာ အိပ်မှမဟုတ်ပါဘူး။ မာကျောကြမ်းတမ်းလှတဲ့ ကျောက်ခင်းလမ်းပေါ် အိပ်သူကလည်း နတ်သမီးအိမ်မက် မက်ခွင့်ရှိပါတယ်။ နတ်သမီးအိမ်မက်ကို အကောင်အထည်ဖေါ် ကြိုးစားတဲ့နေရာမှာ ယုံကြည်ချက်တခုကို စွဲစွဲမြဲမြဲ မွေးမြူထားဖို့လိုပါတယ်။ ယုံကြည်ချက် တကယ် ခိုင်မာပြီဆိုရင် အင်မတန် မာကျောလှပါပြီဆိုတဲ့ ကျောက်ဆိုင်ကျောက်သား၊ သံမဏိတွေတောင် အရှုံး ပေးရပါတယ်။ ယုံကြည်ချက်တခုနဲ့ လျှောက်နေသူရဲ့ အနာဂါတ်ကို မာရ်နတ်မင်းရဲ့ လက်ပေါင်းတထောင်နဲ့ တားဆီးပိတ်ပင်လို့လည်း မအောင်မြင်နိုင်တာ အမှန်ပါ။
ကျနော်တို့အနေနဲ့ လောကအကျိုး၊ လူအများအကျိုးအတွက် မိမိအသက်ကိုပင် စွန့်လွှတ် နိုင်သည်အထိ လောကအကျိုးအတွက် သယ်ပိုးဆောင်ရွက်သွားတဲ့ သူရဲကောင်းများ မဖြစ်နိုင်တောင် အနည်းဆုံး လူ့လောကကို ဆိုးကျိုးမဖြစ်စေမဲ့ ကောင်းသော အသက်ရှင်မှုနဲ့ အသက်ရှင်နေထိုင်တဲ့ ဘဝကိုတော့ ဖန်တီးယူနိုင်ပါတယ်။ ထို့အတူ မကောင်းမှုကို ပြုလုပ်နေသူတွေကို တားဆီးရာမှာလည်း ပါဝင်ဆင်နွှဲနိုင်ပါတယ်။ ခေါင်းဆောင်မဖြစ်နိုင်တောင်Pink Floyd ရဲ့ The Wall အယ်လ်ဘမ်ထဲက ကျူးရင့် ထားသလို Another brick in the wall ....နံရံထဲက နောက်ထပ် အုပ်ခဲလေး၊ အုပ်ချပ် လေး တချပ်အဖြစ်နဲ့ပေါ့၊၊
ဒီလို အုတ်တချပ် အဖြစ်ပါဝင်ရမှာလည်း ခပ်ညံ့ညံ့ မခိုင်မာတဲ့ အုတ်တစ်ချပ်မျိုးမဖြစ်အောင် အမြင်ကျယ်ကျယ် နဲ့  ပညာကောင်းကောင်းတတ်သော လူသားများဖြစ်ရန် ကြိုးစားရပါ့မယ်၊၊ ကောင်းတာလုပ်တာမှန်ပေမယ့် ဘာ မှ မလေ့လာ မပြင်ဆင်ထားရင် သာမန်ပဲဖြစ်ပြီး အရာရောက်နိုင်မှာ မဟုတ်ပါဘူး၊၊ ယနေ့  ကမBာလို မမျှော်လင့် သော ပြဿနာများ လျှင်မြန်စွာ ဖြစ်ပျက်နေချိန်မှာ ကျနော်တို့ အနေနဲ့  ပြဿနာအသစ်များအတွက် အမှီအခို ကင်းကင်း တွေးမြင်နိုင်စွမ်းကို ပြုစုပျိုးထောင်ပေးရပါမယ်၊၊ ဒါမှသာ ကိုယ်ရည်ကိုယ်သွေးရှိသော လူစွမ်းကောင်း ဦးဆောင်ချိန်မှာ ရည်ရွယ်ချက်ပန်းတိုင် အရောက်လှမ်းနိုင်ဖို့  ထောက်ပံ့ပေးနိုင်သည့် လူသားကောင်း၊ နောက်လိုက် ကောင်း ဖြစ်နိုင်ပါလိမ့်မည်၊၊
ဒီလိုရှင်သန်ခွင့်ကို ယုံကြည်ချက်တခုနဲ့ ကြိုးပမ်းအားထုတ်တဲ့ နေရာမှာ ကောင်းတာလုပ်တာပဲ ကောင်းတာဖြစ်မှာပေါ့ ဆိုပြီး ဘာမှမပြင်မဆင်၊ မတွေးမတောနဲ့ လုပ်ရင်တော့ အောင်မြင်မှုနဲ့ ဝေးကွာရတတ်ပါတယ်။ ဒါကြောင့်မို့ အနည်းဆုံး လူတိုင်းအမှတ်တမဲ့ အမြဲပြောပြောနေတဲ့ စကားလေး တခွန်းကိုတော့ လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် တန်ဖိုးရှိတဲ့ ကျနော်တို့တွေရဲ့ ဘဝကို ဖန်တီးနိုင်မှာပါ။ တခြားမဟုတ်ပါဘူး SMART ကျကျ လုပ်ဆောင်ရပါမယ်။ "S"specific (တိတိကျကျ သတ်သတ် မှတ်မှတ်ဖြစ်ရမယ်) "M"measurable (မိမိရဲ့ အနေအထား၊ လုပ်ဆောင်ရမဲ့ အရာတွေကို တိုင်းတာ နိုင်စွမ်းရှိရမယ်) "A" achievable (မိမိလုပ်ဆောင်ရမယ့် ကိစ္စကိုလုပ်ဆောင်နိုင်မယ့် စွမ်းရည်ရှိရမယ် )"R"realistic ( ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်ကို လက်တွေ့ ကျ ရမယ် )"T" Time - Bound (ဘယ်အချိန်၊ ဘယ်ကာလ အတွင်းဆိုတဲ့ ကာလ ကန့် သတ်ချက်ရှိရ မယ်) ဒီလိုသာ ကျနော်တို့ ရဲ့  ဘဝများကို smart ကျကျနဲ့  ကောင်းတာတွေလုပ်ပြီး ဆက်လက်လျှောက်လှမ်း မယ်ဆို ပစ္စုပ္ပန်မှာလည်း ပျော်ရွှင်ရမယ်၊၊ ကျနော်တို့ ရဲ့ ဘဝမှာ ပြီးပြည့်စွာ နေထိုင်သွားနိုင်ခွင့် ရပါလိမ့်မယ်၊၊ ထိုအတူ မိမိကိုယ်ကို လိပ်ပြာလုံစွာ ဘဝကိုဖြတ်သန်းခဲ့တဲ့ အတွက် ဘာနောင်တ တရားမှ ကျန်ရစ်မှ မဟုတ်ပါ ဘူး၊၊ ထို့ အတူ ဘာနောင်တရားမှ မချန်ရစ်ခဲ့အတွက် ဘဝရဲ့ ဆည်းဆာချိန်ကိုလည်း ငြိမ်းချမ်းအေးချမ်းစွာ ဖြတ်သန်းနိုင်မှာ မလွဲပါ၊၊ (ဆည်းဆာ = ကာလအကူးအပြောင်း)
ကျနော်တို့  တစ်ဦးချင်စီနဲ့  ဖွဲ့ စည်းထားတဲ့ လူ့ အဖွဲ့ အစည်းကြီးဟာ ကျနော်တို့ ရဲ့  ချစ်လှတဲ့ နိုင်ငံ တော်ကြီးပါ၊၊ ဘယ်သူကြောင့် ၊ ဘယ်ဝါကြောင့် ဒီလိုဖြစ်ရတာဟု တရားခံရှာ အပြစ်ဖို့ နေကြမယ့်အစား ကျနော် တို့  ခံစားခဲ့ရသော လူမှုရေး ဒုက္ခများ ဘဝရဲ့  ဆုံးရှုံးမှုများမှာ ကျနော်တို့  အကြောက်တရားလွှမ်းခြုံမှု ၊ နေသာသလို နေခဲ့မှုများနဲ့  ကျနော်တို့ ကောင်းကျိုးအများကောင်းကျိုးရှေးရှု့ တဲ့ လုပ်ဆောင်မှုများ မလုပ်ခဲ့ မှု ကြောင့် ဖြစ်သည်ကို ဝန်ခံကြရပေမည်၊၊ ထို အတူ တန်ဖိုးရှိလှတဲ့ ၊ ရခဲ့လှတဲ့လူ့ဘဝကို အကျိုးမဲ့ ဖြုန်းတီးနေ မှုများကို ရပ်တန့် ပြီး ကိုယ့်ကျင့်တရားနဲ့  ဓမ္မဓိဌာန်ကျမှုတို့ ကို အောင်နိုင်သူဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လမ်းညွှန်မှု နောက်ကို လိုက်ရင်း တန်ဖိုးရှိတဲ့ ကျနော်တို့ ဘဝများကို ဖန်တီးတည်ဆောက်ကြပါ၊၊ ဘဝမှာ နေမ ဝင်ခင် မိုးချုပ်သွားရသူများ မဖြစ်အောင် ကြိုးစားရင်း ရှင်သန်ကြပါစို့ ၊၊
“ကိုယ်ကျင့်တရားနဲ့  ဓမ္မဓိဌာန်ကျမှုတို့ ရဲ့  - ကျေးကျွန်ဖြစ်နေရင် ကမBာလောကကြီး ကို မြှင့်တင်မယ့်သူ မဖြစ် နိုင်ဘူး”
Nietzsche (on the Genealogy of Morals)
ဇော်ဝင်အေး
Subscribe to:
Posts (Atom)